အခန်း ၁၄
[Warning Alert
သွေးထွက်သံယို အခန်းတစ်ခန်းနဲ့ အသက်မပြည့်သေးဘဲ နမ်းတဲ့အခန်းတစ်ခန်း ပါပါတယ်။ ]
အရိပ်နက်က သရက်ပင်ကြီးအောက်တွင် မတ်တပ်ရပ်ကာ ဟိန်းတေဇကို ကြည့်နေ၏။ ဟိန်းတေဇက ဓားရှည်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနေသည်မှာ ရှုမငြီးနိုင်သည့် ကမ္ဘာကျော် ပန်းချီးကားတစ်ချပ်နှယ် မျက်နှာလွှဲရက်နိုင်စရာ မရှိပေ။ သူက ဓားကို ဝေ့ယမ်းကာ ခုန်လိုက်ပြီး လေထဲတွင်ပင် ကျွမ်းပစ်ကာ မြေပြင်ပေါ်သို့ သေသပ်လှပစွာ ပြန်ကျလာ၏။ ပြီးနောက် ဓားကို ခါးနံဘေးတွင် ကပ်လိုက်ရာ အရိပ်နက်က ဓားကို ယူ၍ လက်ကိုင်ပဝါတစ်ထည်ကို ကမ်းပေးရင်း မေးသည်။
"ဒုခေါင်းဆောင်...မနက်ဖြန် စိုင်းလရောင်အတွက် ဘာတွေ ပြင်ပေးရမလဲ။"
"မလိုဘူး...မလိုဘူးဆိုမှ နည်းနည်းဆိုးပြီး ကိုက်တတ်တဲ့ ခွေးခပ်သေးသေး တစ်ကောင် ရှာလာခဲ့။" ဟိန်းတေဇက အမိုးခုံးအဆောင်လေးဆီ လျှောက်ရင်း ပြန်ပြော၏။
"ခွေး..."
"အင်း....ပြဿနာ ရှိလို့လား...အရင်ထိုင်ပြီးမှ ပြော"
ဟိန်းတေဇက ခုံတစ်လုံးကို ဆွဲယူ၍ ခြေချိတ် ထိုင်သည်။ သူက ကန်ရေပြင်ကို မျက်နှာမူထား၍ လေနုအေးက သူ့မျက်နှာကို လာရောက်ကျီစယ်နေ၏။
"မရှိပါဘူး...ဒုခေါင်းဆောင်။ ဒါနဲ့ Sun Group ရဲ့ ရှယ်ယာရှင် အစည်းအဝေးက လာမဲ့အပတ်ထဲမှာပါ။ ဒုခေါင်းဆောင် တက်မလား။ ကျွန်တော်ပဲ သွားရမလား။"
အရိပ်နက်က ဟိန်းတေဇ၏ နံဘေးတွင် ဝင်ထိုင်လိုက်ပြီး လုပ်စရာ ရှိသည်များကို ပြောပေးသည်။
"လုပ်ကြံသူတွေ ကိစ္စ စုံစမ်းလို့ ရပြီလား"
"မရသေးပါဘူး။"
"အင်း...ငါ အစည်းအဝေး တက်မယ်။ ပြီးတော့ အုပ်စုလေးခုလုံးရဲ့ သမိုင်းကြောင်းတွေ ပြန်ရှာပေးပါဦး။ အလင်းမဲ့ဂိုဏ်းက အရမ်းငြိမ်နေတယ်။ မင်း ဘယ်လိုထင်လဲ။"
ဟိန်းတေဇက ပြောရင်း ကြွေကရားထဲမှ လက်ဖက်ရည်ကို ငှဲ့သည်။ ရှည်သွယ်ကာ အကြောစိမ်းများ ထင်းနေသော သူ့လက်ချောင်းများက လှပသော ကရားအိုးလေး၏ လက်ကိုင်ထက်တွင် စိုးမိုးခြယ်လှယ်နေ၏။ အရိပ်နက်က ဟိန်းတေဇကို စက္ကန့်ပိုင်းလောက် ငေးကြည့်မိသွားပြီမှ အလျင်အမြန် ပြန်ဖြေသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
AçãoFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...