အခန်း ၂၃

1.4K 146 24
                                    

အခန်း ၂၃

ဟိန်းထက်နေသည် စိုင်းလရောင်၏ ကားလေး သူ့မြင်ကွင်းမှ ပျောက်သွားသည်နှင့် ဟိန်းတေဇအိမ်သို့ လာခဲ့လေသည်။ တူအရီးနှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ကာ ရွက်နုဝေ၏ ဝန်ခံချက်များနှင့် သတ္တိ၏ နေအိမ်မှ ရရှိလာသော သဲလွန်စများကို စစ်ဆေးကြည့်ရှုနေကြလေသည်။

"ဦးလေးသတ္တိက သူ့အိမ်မှာ CCTV တပ်ထားလို့ တော်သေးတယ်၊ ဒီမှာကြည့်...သေနတ်တွေနဲ့ ဆယ်ယောက်တောင် အိမ်ထဲ ဝင်လာတာ။"

ဟိန်းထက်နေက ကွန်ပျူတာကို ​ဟိန်းတေဇထံ ပြလိုက်ရင်း ပြောသည်။

"သတ္တိက ပုန်းနေပြီးမှ ပစ်တာတောင် ငါးယောက်လောက် ကျသွား​သေးတာပဲ။ သူ ကျည်ကုန်သွားတာရယ်၊ ပေါင်ကို သေနတ်မှန်လိုက်တာရယ်ကြောင့် အဖမ်းခံလိုက်ရတာ။"

ဟိန်းတေဇက သတ္တိကို ဆွဲခေါ်သွားသည့် နေရာကို ထိုးပြရင်း သုံးသပ်သည်။

"ရွက်နုဝေက အသံတွေ အကုန်တိတ်သွားတော့မှ ထွက်လာလို့။ မဟုတ်ရင် သူ့ကိုပါ ပစ်သတ်မဲ့ပုံပဲ။"

"အင်း...သူက သူ့အဖေကို အပြင်ထွက်ရှာနေတုန်း ဟိုလူတွေ ပြန်ရောက်လာပြီး သူ့ကို လိုက်ဖမ်းတာ၊ ဒီမှာတွေ့လား...သုံးယောက် အိမ်ထဲ ပြန်ဝင်လာတာ၊ ကလေးမလေးက လမ်းအပြင်ဘက်ကို ပြေးလို့ လွတ်တာ၊ အိမ်ထဲသာ ပြန်ဝင်ပြေးရင် ပိတ်မိသွားလိမ့်မယ်။"

"ဟုတ်တယ် ဦးလေး၊ ​ဦးလေးသတ္တိက ဂိုဏ်းအပြင်ရောက်သွားတာတောင်မှ မပေါ့လျော့ဘဲနဲ့ ထမင်းစား စားပွဲအောက်မှာ ပုန်းဖို့ ကျင်းတူးထားသေးတယ်၊ ရွက်နုဝေက ပြေးရကောင်းမှန်း သိသေးလို့ တော်သေးတယ် ဆိုရမယ်၊ မဟုတ်ရင်တော့ ကျွန်တော်တို့ ဘာမှသိလိုက်မှာ မဟုတ်ဘူး၊ ဒါနဲ့ စုံစမ်းရေးအဖွဲ့က ဦးလေးသတ္တိကို တင်သွားတဲ့ကားကို ခြေရာခံလို့ ရပြီလား။"

"အခုထိတော့ မရသေးဘူး၊ မင်း ဟိုကလေးမလေးကို လာပို့တဲ့ နေ့ကတည်းက သဲလွန်စမှန်သမျှကို လိုက်နေတာပဲ...အချိန်ကြာလေလေ သတ္တိအတွက် အသက်ရှင်ဖို့ ရာခိုင်နှုန်းက နည်းလာလေလေပဲ ...ဟူး..."

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now