အခန်း ၄၆
"ငါ့ကို...သတ်လိုက်တော့။"
"ဘာလို့လဲ။ ဟိုကောင် မဟုတ်လို့လား။ ဟမ်"
စိုင်းလရောင်၏ တိုးဖွလွန်းသော အသံကြောင့် သူ့လည်တိုင်ဆီ နမ်းရှိုက်ရန် ဟန်ပြင်နေသော မင်းခန့်ပိုင်သည် ခေါင်းမော့လာပြီး ဒေါသတကြီး မေးမြန်းသည်။
"အင်း...တစ်ဘဝလုံးအတွက်...အရှင်သခင်က... တစ်ယောက်ပဲ။"
စိုင်းလရောင်၏ ခံစားချက် ကင်းမဲ့နေသော မျက်ဝန်းသေများဖြင့် သူ့ကို စိုက်ကြည့်နေခဲ့ပြီး တစ်လုံးချင်း အားယူ၍ ပြောသည်။ တိုးဖွလှသော လေသံ ဖြစ်နေသည့်တိုင်၊ မများလှသည့် စကားလုံးများ ဖြစ်နေသည့်တိုင် မင်းခန့်ပိုင်အတွက်မူ နှလုံးအိမ်တည့်တည့်သို့ ဓားချွန်ဖြင့် ထိုးစိုက်လိုက်သည့်အလား နာကျင်လွန်းလှပါ၏။
ချစ်ရသူက အခြားတစ်ယောက်ကို ချစ်နေခဲ့သည့် ခံစားချက်။
သူသည် ဟက်ခနဲ လှောင်ရယ်လိုက်ပြီး စိုင်းလရောင်ကို လျစ်လျူရှုလိုက်ကာ သူ့လည်တိုင်သွယ်သွယ်ထက် မျက်နှာအပ်လိုက်ပြီး အမှတ်အသားများ ကျန်ရစ်သည်အထိ ကြမ်းကြမ်းတမ်းတမ်း နမ်းရှိုက်ရင်း အင်္ကျီကို ဆွဲဖြဲပစ်လိုက်သည်။ စိုင်းလရောင်၏ ရင်ဘတ်ရှိ သွေးစအချို့ ရှိနေသေးသည့် ကြာပွတ်ရာများနှင့် ပေါ်လာသည့် ညှပ်ရိုးများက သူ့စိတ်ကို ပို၍ အရိုင်းဆန်စေသည်။
စိုင်းလရောင်သည် မင်းခန့်ပိုင်၏ အပြုအမူများကြောင့် သူ့ကိုယ်သူပင် ရွံရှာမုန်းတီးလာမိသည်။ အကယ်၍များ သူသာ စွန်းထင်းသွားခဲ့ပါလျှင် ဟိန်းထက်နေထံ မည်သည့်မျက်နှာဖြင့် ပြန်ရမည်နည်း။ သူ့အပေါ် အမြတ်တနိုး တန်ဖိုးထားလွန်းသည့် ချစ်ရသူအပေါ် သစ္စာမဲ့သည့် အဖြစ်မျိုး ဖြစ်ခဲ့ပါလျှင် သေဆုံးသွားသည်ကပင် ပို၍ ကောင်းလိမ့်မည်။ သူ့မျက်ဝန်းသွယ်သွယ်များမှ အရည်ကြည်အချို့က စီးကျလာခဲ့ပြီး သူ့အင်အားအလုံးစုံကို စုစည်းလိုက်ကာ မင်းခန့်ပိုင်၏ ရင်ဘတ်ကို တွန်းဖယ်သည်။
"ဟင်း....မီးလျှံဂိုဏ်းရဲ့ အငယ်ဆုံးသားက ဓားစာခံကို အဆိပ်ခတ်ပြီး မုဒိန်းကျင့်တယ်။ အကြီးအကဲဖြစ်ဖို့...မထိုက်တန်ဘူး။"
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
AcciónFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...