အခန်း ၇၈

641 36 18
                                    

အခန်း ၇၈

စိုင်းလရောင်သည် ခေါင်မိုးပြန့်မှ လှေကားအတိုင်း ပြေးဆင်းလာခဲ့သည်။ ဟိန်းထက်နေက မည်သည့်အဆောက်အဦးတွင် ရှိနေမှန်း မသိသဖြင့် သူသည် အဆင်ပြေသလို မီးစင်ကြည့်ကရန်သာ တွေးထား၏။ သူက လှေကားထောင့်ချိုးသို့ ရောက်လာသည်တွင် ချက်ချင်းမဆင်းသေးဘဲ နံရံကို ကပ်၍ အောက်ထပ်မှ အခြေအနေကို နားစွင့်သည်။

အောက်ထပ်တွင် အလင်းမဲ့ဂိုဏ်းသားအချို့က လိုက်လံစစ်ဆေးနေကြပြီး "ဒီဘက်မှာ မရှိဘူး။" "ခေါင်မိုးထပ်ပဲ ကျန်တော့တယ် ဆက်ခံသူ" "ဒီဘက်ရှင်းတယ်။" စသည်ဖြင့် ပြောဆိုနေကြသည့် အသံများကိုလည်း ကြားနေရ၏။ လှေကားနေရာက အလင်းရောင်ကွယ်နေသဖြင့် သူ့ကို မမြင်သေးသော်လည်း အပေါ်ထပ်ကို တက်လာသည်နှင့် တည့်တည့် တိုးမည်ဖြစ်သည်။ ထို့ကြောင့် လက်ဦးမှု ယူ၍ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး လှေကား၏ အောက်တစ်ဆင့်သို့ ပြေးဆင်းရင်း အလင်းမဲ့ဂိုဏ်းသားများကို ပစ်ခတ်သည်။

သေနတ်သံ တဒိုင်းဒိုင်းက ထွက်ပေါ်လာခဲဲ့ပြီး အလင်းမဲ့ဂိုဏ်းသားအချို့ ကျသွားသည်နှင့် စိုင်းလရောင်က လှေကားအောက်ဘက်အခြမ်းသို့ ခုန်ဝင်သွား၏။ သူက တစ်ယောက်တည်း၊ တစ်ဖက်က လူအများဖြစ်၍ အလစ်အငိုက်ကို စောင့်ကာ တိုက်ခိုက်သည်ကသာ အကျိုးရှိနိုင်မည်ကို သူ တွက်ဆမိသည်။ သူ ပုန်းနေသည့် နေရာနှင့် အခြားအခန်းများ၏ ဖွဲ့စည်းပုံကို ကြည့်ရှုရင်း ကျည်ကတ်လဲလိုက်ပြီး သူ့ဘက်အခြမ်းကို ပြေးဝင်လာကြသည့် ခြေသံများကို နားစွင့်သည်။

အလင်းမဲ့ဂိုဏ်းသားများက သူ ရှိမည်ထင်သည့် နေရာများကို တရစပ် ပစ်ခတ်နေကြပြီး လူဖြန့်ကာ ရှာနေကြသည်။ သူသည် ပုန်းကွယ်နေရာမှ ရုတ်တရက်ပြေးထွက်လိုက်ပြီး ပြန်ခံပစ်ရင်း ကနဦးက မှတ်သားထားသည့် လမ်းကွေ့ထောင့်ချိုးသို့ ပြေးဝင်သည်။ အလင်းမဲ့ဂိုဏ်းသားများကလည်း သူ့ကို ပြန်ပစ်လေရာ သေနတ်သံတဒိုင်းဒိုင်းက ဆူညံနေတော့သည်။

စိုင်းလရောင်သည် လမ်းထောင့်ချိုး အကွယ်သို့ ပြေးဝင်ပြီးမှသာ အသက်ကို ဖြောင့်အောင် ရှူနိုင်တော့သည်။ ညဉ့်နက်သန်းခေါင်အချိန်ကြီး ဖြစ်နေလျက်နှင့်ပင် သူ့တစ်ကိုယ်လုံးကား ချွေးများ၊ သွေးများဖြင့်ရွှဲနစ်လျက် ရှိနေ၏။ သူသည် အသက်ကို ပြင်းပြင်းရှူထုတ်ရင်း လျှောက်လမ်း၏ အစွန်းကို ကြည့်လိုက်ရာ ဓာတ်လှေကားကို လှမ်းမြင်နေရသည်။ သို့သော် သူ ပုန်းကွယ်နေသည့် လမ်းအဆုံးတွင် ဝရန်တာကျယ်တစ်ခု ရှိနေရာ ထိုဝရန်တာကို ကျော်ပြီးမှ အောက်သို့ ဆင်းနိုင်မည် ဖြစ်သည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now