အခန်း ၅၈

851 69 78
                                    

အခန်း ၅၈

စိုင်းလရောင်က သူ့ရုံးခန်းထဲတွင် လူသစ်များ၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးနေ၏။ လွန်ခဲ့သော ရက်ပိုင်းက ကျော်စွာက အကြမ်းစစ်ဆေးပြီး နောက်တစ်ကြိမ် ထပ်မံစစ်ဆေးရန် ကိုယ်ရေးအချက်အလက်အားလုံးကို သူ့ထံ ပို့ပေးလာလေရာ သူသည် နံနက်ခင်းကတည်းက စ၍ အလုပ်များနေခဲ့သည်။ ထိုစဥ် ခွန်လျမ်းဖုန်က သူ့အခန်းထဲသို့ အလျင်စလို ဝင်လာ၏။

"ခေါင်းဆောင်...လီရှုယွင်က ခေါင်းဆောင်ကို ထိုင်ဝမ်လာဖို့ ဖိတ်လိုက်တယ်။"

"လီရှုယွင်...လီမျိုးနွယ်က ခေါင်းဆောင်မလား။"

စိုင်းလရောင်သည် ခွန်လျမ်းဖုန်ကို မော့ကြည့်ကာ ပြန်မေးသည်။ ခွန်လျမ်းဖုန်က ခေါင်းညိတ်ရင်း ဖိုင်တစ်ခုကို သူ့ရှေ့သို့ ချပေးသည်။

"အရင်ကလဲ သူနဲ့ အရောင်းအဝယ် လုပ်နေတာ ကြာပြီ။ ဒါပေမဲ့ အခုမှ ခေါင်းဆောင်ကို တွေ့ချင်တယ်လို့ တောင်းဆိုတာ။ လက်ရေးစာနဲ့ဆိုတော့ ငြင်းလို့ မရမှာစိုးလို့၊ ခေါင်းဆောင် ဆုံးဖြတ်ပေးပါ။"

စိုင်းလရောင်က ဖိုင်ကို ဖွင့်၍ ကြည့်လိုက်ရာ အတွင်းတွင် လီရှုယွင်၏ ဘူးသီးခပေါင်းကြော်ကဲ့သို့ အချွန်အတက်များဖြင့် ရှုပ်ထွေးလှသည့် လက်ရေးစာကို ပရင့်ထုတ်ထားသည့် ဖိုင် ဖြစ်နေသည်။ တရုတ်လူမျိုးတို့သည် သူတို့၏ စိတ်ရင်းအလေးအနက်ထားမှုကို ဖော်ပြရန် လက်ရေးစာကို အသုံးပြုလေ့ရှိကြပြီး တော်တန်ရုံ ကိစ္စမျိုးဆိုလျှင် လိုက်လျောပေးရလေ့ရှိသည်။

"သူက သူ့မွေးနေ့အကြောင်းပြပြီး Red Moon နဲ့ မဟာမိတ် ဖွဲ့ချင်တယ်။ လီကို ရွေးရင် ချောင်ကို ပယ်ရမှာပဲ။"

စိုင်းလရောင်က တွေးတွေးဆဆ ရေရွတ်သည်။ နဂိုကပင် တစ်ယောက်နှင့်တစ်ယောက် ကျားချောင်းချောင်းနေသော လီနှင့်ချောင်က ဟိန်းထက်နေ၏ ပယောဂကြောင့် မသင့်မမြတ် ဖြစ်ကြဟန် တူသည်။ ထိုဂယက်က မသေးလှလေရာ Red Moon ကိုပါ လာရိုက်ခတ်သည်။ သူရိယဂိုဏ်းက ချောင်ကုရီနှင့် ပြေလည်သင့်မြတ်သည့် ဆက်ဆံရေးရှိသည့်အတွက် လီရှုယွင်က Red Moon ကို သူ၏ နောက်ခံဖြစ်စေချင်သည်က မထူးဆန်းပါချေ။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now