အခန်း ၆၅

966 78 39
                                    

အခန်း ၆၅

"ငါတို့...ဟင်း....ကွာရှင်းကြရအောင်။"

စိုင်းလရောင်က မျက်လုံးကို စုံမှိတ်လျက် အသံတိတ် မျက်ရည်ကျရင်း တုန်ယင်နေသော အသံဖြင့် ပြောသည်။ ကွာရှင်းရန် မဆိုထားနှင့်၊ တစ်ဦးကိုတစ်ဦး နာရီပိုင်းမျှပင် အပျောက်မခံနိုင်လောက်အောင် ချစ်မြတ်နိုးကြလေရာ ထိုစကားက နှစ်ဦးလုံး၏ နှလုံးအိမ်တည့်တည့် ဓားဦးချွန်ဖြင့် ထိုးနှက်သကဲ့သို့ နာကျင်လွန်းလှသည်။ ဟိန်းထက်နေက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်၍ ခပ်ပြတ်ပြတ် ပြန်ဖြေသည်။

"မကွာရှင်းနိုင်ဘူး။ သေရင်တောင် မကွာပေးဘူး။"

"မင်းနဲ့ ငါနဲ့က... ညီအစ်ကိုလေ။ ဒီလိုဆက်မှားနေလို့ မဖြစ်ဘူး။"

စိုင်းလရောင်က မျက်လွှာချရင်း ပြန်ဖြေသည်။ သူကိုယ်တိုင်လည်း ဟိန်းထက်နေကို သူ့အသက်ထက် ပို၍ ချစ်မြတ်နိုးသည်၊ သို့သော် ဆက်မှား၍ မဖြစ်။ ဟိန်းထက်နေက အငယ်ဖြစ်၍ မဆင်ခြင်နိုင်ပါစေဦး၊ သူက အစ်ကို၊ ထက်နေက မှားနေလျှင် သူက တည့်မတ်ပေးရမည်။

"ကိုယ့်ကို ကြည့်စမ်း။"

ဟိန်းထက်နေက သူ့ပခုံးကို ခပ်ကြမ်းကြမ်း ကိုင်လှုပ်ရင်း အကြည့်ချင်း ဆုံစေသည်။

"လက်မထပ်ခင် ညက ကိုယ်နဲ့ ခွဲရမဲ့အကြောင်းပြချက်ရှိရင် အဲ့ဒီအကြောင်းပြချက်ကို ဖျက်စီးပစ်မယ်လို့ ပြောခဲ့တယ်။"

"မင်းက ငါ့ညီမှန်း မသိခဲ့လို့။"

စိုင်းလရောင်က သူ့လက်များကို မရုန်းဖယ်၊ သက်ပြင်းမျှင်းမျှင်း ချရင်း ပြန်ဖြေသည်။ ဟိန်းထက်နေက ပို၍ ဒေါသထွက်လာခဲ့ပြီး စိုင်းလရောင်၏ ပခုံးပေါ်မှ လက်များက ပိုတင်းကြပ်လာကာ လေသံမာမာဖြင့် ပြောသည်။

"ညီအစ်ကို ဆိုတော့ရော ဘာဖြစ်လဲ။ ကိုယ် ဂရုမစိုက်ဘူး။ ကိုယ်တို့ အကြိမ်ကြိမ် နှီးနှောခဲ့ပြီးပြီ၊ မင်းက ကိုယ့်ခင်ပွန်းပဲ။"

"မင်း ငါ့ကို လိမ်ခဲ့တာကွ။ ငါ့ကို လွှတ်စမ်း။"

စိုင်းလရောင်က ဟိန်းထက်နေ၏ လက်ကို အတင်းတွန်းဖယ်သည်။ ဟိန်းထက်နေက လွှတ်မပေးလေရာ သူသည် သူ့ရင်ဘတ်ကို အားဖြင့် ဆောင့်တွန်းပစ်လိုက်လေသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now