အခန်း ၇၆

810 47 16
                                    

အခန်း ၇၆

"ရန်ကုန်ကနေ ကိုကိုးကျွန်းကို ရဟတ်ယာဥ်နဲ့ သွားမယ်။ ပြီးရင် ကိုကိုးကျွန်းကနေမှ စစ္စလီကျွန်းကို ဆက်သွားမယ်။ ကိုကိုးကျွန်းမှာ cb90 boat တွေ စခန်းရှိတယ်။ ဒီနေရာပဲ... ဒီကနေမှ စစ္စလီကျွန်းကို သွားရမယ်။"

ဟိန်းထက်နေက ပရိုဂျက်တာပေါ်တွင် ပေါ်နေသော ​မြေပုံကို လေဆာမီးနီလေးဖြင့် ထိုးပြရင်း ပြောသည်။ အစည်းအဝေးခန်းထဲတွင် သူရိယဂိုဏ်းမှ အရိပ်တပ်ဖွဲ့၊ စနိုက်ပါအဖွဲ့နှင့် Red Moon မှ လက်ရွေးစင်အချို့ ထိုင်နေကြပြီး ဟိန်းထက်နေပြောသမျှကို အာရုံစိုက်ကာ နားထောင်နေကြသည်။ ရွက်နုဝေကလည်း ထောင့်အကျဆုံးခုံတွင် ထိုင်ရင်း ပြောဆိုဆွေးနွေးသမျှကို နားထောင်နေခဲ့သည်။

"ရဟတ်ယာဥ်နဲ့ သွားရင် ပစ်ချခံရမှာပါ ခေါင်းဆောင်။ အရိပ်တပ်ဖွဲ့နှစ်ဖွဲ့က Red Moon ကို ကူတဲ့ဆီမှာ တော်တော်အထိနာထားတော့ တခြားအဖွဲ့တွေကို သုံးမှ ရမယ်။"

ဟိန်းထက်နေနှင့် အနီးဆုံးတွင် ထိုင်နေသည့် လူတစ်ယောက်က အကြံပြုသည်။

"မှန်တယ်။ ရဟတ်ယာဥ်နဲ့ စစ္စလီကျွန်းထိ သွားရင် ပစ်ချခံရမှာ၊ သင်္ဘောနဲ့သွားရင်လဲ ရေမြှုပ်မိုင်းနဲ့ တွေ့ရင် တစ်စစီ ဖြစ်သွားမှာပဲ။ အဲ့ဒါကြောင့် ရန်ကုန်ကနေ ကိုကိုးကျွန်းအထိကို Mi-17 နဲ့ သွားမယ်။ Mi-17 ပျံတဲ့နှုန်းနဲ့ဆို မိုင်နှစ်ရာကျော်ကို တစ်နာရီခွဲလောက်ပဲ ကြာမယ်။ ပြီးမှ ဟိုဘက်ကူးဖို့ cb90 boat တွေကိုပဲ သုံးမယ်၊ ကိုကိုးကျွန်းနဲ့ စစ္စလီကျွန်းကလဲ ခုနစ်ဆယ့်ငါးမိုင် ဝေးတယ်ဆိုတော့ တစ်နာရီခွဲလောက်တော့ မောင်းရမယ်။" ဟိန်းထက်နေက စစ္စလီကျွန်းနှင့် ကိုကိုးကျွန်းကြား အကွာအဝေးကို ထောက်ပြရင်း ပြောသည်။

"ဓားစာခံကို ကယ်ထုတ်ဖို့ ငါနဲ့အတူတူ အရိပ်တပ်သားငါးယောက်နဲ့ Red Moon က လက်ရွေးစင်ငါးယောက်ပဲ သွားမယ်။ ကျွန်းရဲ့အနောက်ဘက်က ဥယျာဥ်က လုံခြုံရေးအနည်းဆုံးပဲ။ ကိုကျော်စွာ ရှာထားတဲ့ အချက်အလက်တွေအရဆိုရင် အနောက်ဘက်ဥယျာဥ်နားမှာ ရေဆိုးစွန့်တဲ့ပိုက်လိုင်းတွေ ရှိတယ်။ အဲ့ဒီဘက်မှာ ရေမြှုပ်မိုင်းမရှိဘူး။ အဲ့ဒီကနေ ဝင်မယ်။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now