အခန်း ၆၇
အရိပ်နက်နှင့် ရွက်နုဝေက ဆုံးဖြတ်ရခက်နေဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေလေရာ မြတ်လွင်က စိတ်မရှည်တော့ဘဲ မာန်မဲသည်။
"မြန်မြန်လုပ်။ ခနနေ ဟိန်းထက်နေတို့ ရောက်လာတော့မယ်။"
"ဒုခေါင်းဆောင်က ကျွန်တော့်ကို ခေါ်လာခဲ့တဲ့လူပါ။ တစ်သက်လုံး ဒုခေါင်းဆောင်ရဲ့ အရိပ်ပဲ လုပ်ပါ့မယ်။"
အရိပ်နက်က ပြန်ဖြေရာ ဟိန်းတေဇက နှစ်နှစ်ခြိုက်ခြိုက် ပြုံးသည်။ အရိပ်နက်နှင့် သူ့ကြားရှိ ဆယ်စုနှစ်နှစ်ခုစာနီးပါး သံယောဇဥ်က မည်မျှနက်နဲခိုင်မာသည်ကို သူ သေချာနားလည်သည်။
"သမီးလဲ... ဦးဦးနဲ့ လိုက်ခဲ့မယ်။ ဒါဆို အုပ်စုသုံးစုက မိသားစုတွေ ဖြစ်သွားပြီပေါ့နော်။"
ရွက်နုဝေက သူ့အတွေးနှင့်အတူ ပျော်ရွှင်သွားပြီး ရယ်သည်။ စိုင်းလရောင်၊ ဟိန်းထက်နေနှင့် ဟိန်းတေဇက အုပ်စုသုံးစု၏ ခေါင်းဆောင်များ ဖြစ်သွားလျှင် ပဋိပက္ခများ ထပ်ဖြစ်စရာ မရှိတော့ဟု သူက ကလေးဆန်ဆန် တွေးသည်။
"အရင်ဆုံး ဒီက ထွက်ရအောင်။ သေနတ်ပေး။"
ဟိန်းတေဇက ပြောလိုက်ရာ မြတ်လွင်က သူ့ခါးပတ်တွင် ချည်ထားသော ပစ္စတိုတစ်လက်ကို ဟိန်းတေဇလက်ထဲ ထည့်ပေးသည်။ သူက သေနတ်ကို မောင်းတင်လိုက်ပြီး အခန်းထဲမှ ထွက်သည်နှင့် မြတ်လွင်တို့အဖွဲ့ကလည်း သူ့နောက်မှ လိုက်လာသည်။
သူရိယဂိုဏ်း၏ ဒုခေါင်းဆောင်အဖြစ် အုပ်စုတွင်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သဖြင့် ဟိန်းတေဇက လမ်းကျွမ်းသည်။ သူက လမ်းတည့်တည့်အတိုင်း မသွားဘဲ အနောက်ဘက်ရှိ ဓာတ်လှေကားဆီ ဖြတ်လမ်းမှ လျှောက်သည်။ သူတို့က လမ်းချိုးအနားသို့ ရောက်လာသည့်အချိန်တွင် အစောင့်လေးယောက်က သူတို့ဆီ ပြေးဝင်လာကာ ပစ်ခတ်မည်ပြုသည်။ သို့သော် ဟိန်းတေဇက ရှေ့ဆုံးတွင် မားမားမတ်မတ် ရပ်နေလေရာ သူတို့က ချက်ချင်း သေနတ်ကို ရုတ်လိုက်ပြီး တအံ့တသြ ရေရွတ်သည်။
"ဒုခေါင်းဆောင်... နည်းပြရော... ဘယ်လိုလုပ်ပြီး"
ဒိုင်း.. ဒိုင်း... ဒိုင်း...
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
AçãoFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...