အခန်း ၃၄

1.4K 131 17
                                    

အခန်း ၃၄

"တမင်အရိုက်ခံလိုက်တာမလား။ မင်းက အခုထိ ပေပေတေတေ လုပ်နေတုန်း။"

စိုင်းလရောင်သည် ဟိန်းထက်နေ၏ ခေါင်းကို ဆေးထည့်ပေးရင်း ဆူပူသည်။ ခွန်လျမ်းဖုန်၏ အင်အားဖြင့် ဟိန်းထက်နေကို ခြစ်ရာလေးတစ်ခုပင် ထင်အောင် မလုပ်နိုင်မှန်း သူ အတပ်သိသည်။ ဟိန်းထက်နေကမူ စိုင်းလရောင်၏မျက်နှာကိုသာ ငေးနေ၏။ စိုင်းလရောင်က ဆေးပစ္စည်းများကို သိမ်းရင်း သူ့ကို ကလေးဆူသလို ဆူသည်။

"ရပြီ။ နောက်ဆို ဒဏ်ရာမရစေနဲ့။ ကလေးလဲ မဟုတ်တော့ဘူး၊ ငါ မရှိရင် မင်း ဘယ်လိုလုပ်မှာလဲ။"

"အဲ့ဒါ​ကြောင့် ကိုကို မရှိလို့ မဖြစ်ဘူးလေ။"

ဟိန်းထက်နေ၏ ပရောပရည် စကားအဆုံး စိုင်းလရောင်က ပြုံးသည်။ ပြီးနောက် ဟိန်းထက်နေ၏ ဆံပင်ကို လက်ဖြင့် သပ်တင်ပေးရင်း လေသံခပ်အေးအေးဖြင့် မေးသည်။

"သူက ကိုကို့ကို လာခေါ်တာတဲ့လား။ အဲ့ဒါကြောင့် ကိုကို့ကလေးလေးက သူ့ကို ရိုက်လိုက်တာလား။"

"ဟုတ်တယ်။ သူက ကိုကို့ကို ကျွန်တော်နဲ့ ခွဲချင်နေတာ။ ကိုကို့အစား ဝင်ခံပေးတဲ့ ကြာပွတ်တစ်ချက် အကြွေးမတင်ချင်လို့ ပုလင်းနဲ့ ရိုက်တာကို မရှောင်လိုက်တာ။ အခုဆို ကိုကို့ကို ကျွန်တော့်ဆီကနေ ဘယ်သူမှ ခေါ်သွားလို့ မရတော့ဘူး။"

ဟိန်းထက်နေက သူ့ပါးပြင်ကို လက်ဖဝါးဖြင့် အုပ်ကိုင်၍ ပြန်ဖြေသည်။ စိုင်းလရောင်သည် ပါးပြင်ထက်ရှိ ကြမ်းရှရှ လက်ဖဝါး၏ အထိအတွေ့နှင့် ဟိန်းထက်နေ၏ မျက်ဝန်းများကို ဖတ်ရှုကာ အကြင်သူ၏ စိုးရိမ်ပူပန်မှုတို့ကို ခံစားသိရှိနေရသည်။ ငါးနှစ်လုံးလုံး သူ့ဘဝထဲမှ ပျောက်သွားခဲ့ဖူးလေရာ ထိုမျှ စိုးရိမ်နေသည်က မထူးဆန်းလှပါချေ။

"အနာဂတ်မှာ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်လာဖြစ်လာ ကိုကိုက မင်းနားမှာ နေဖို့ကိုပဲ ရွေးချယ်မှာ။ အဲ့ဒါကြောင့် စိတ်မပူနဲ့တော့။ ဟုတ်ပြီလား"

"ကိုကို ပြောတာနော်။"

"အင်း"

"ဒါဆို ကျွန်တော့်ကိုနမ်း"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now