Ch: 2 (U+Z)

21.5K 2.7K 87
                                    

Unicode

Chapter-2 ယုတ်မာမှုအား ရပ်တန့်ခြင်း။

သို့သော်လည်း မူလခဲ့ရွမ်သည် အသက်ဆယ့်ငါးနှစ်သာ ရှိသေးပြီး မီးတောက်နီတိုင်းပြည်၏ တစ်ပါးတည်းသော မင်းသားဖြစ်ပေသည်။ သူ၏ခမည်းတော်သည် ဘဝတစ်လျှောက်လုံး၌ ဇနီးမယားတစ်ယောက်သာ ရှိခဲ့ပြီး သူမသည် ခဲ့ရွမ်၏မယ်‌တော်ပင် ဖြစ်သည်။ အမတ်သည် ဧကရာဇ်အား မောင်းမမိဿံအများအပြား ထားရှိရန် ဆွဲဆောင်ခဲ့ကြသော်လည်း သူသည် အားလုံးကို ငြင်းပယ်ခဲ့လေသည်။

ထို့ကြောင့် မီးတောက်နီတိုင်းပြည်၌ မူလခဲ့ရွမ်၏ အပြုအမူများနှင့်ပတ်သတ်၍ မည်သူကမှ အပြစ် မပြောရဲကြချေ။ သူသည် မောက်မာပြီး စာအုပ်များကို မကြိုက်သော်လည်း သိုင်းပညာကို စွဲလမ်းခြင်းကြောင့် ဒီအသက်အရွယ်မှာတင် သိုင်းပညာ အလွန် ထူးချွန်နေပြီဖြစ်ကာ ထိုအချက်က သူ့အား အလွန် စိတ်ကျေနပ်မှုရစေသည်။ အခုလို ရှုပ်ထွေးနေသည့် ကာလကြီးမှာ မည်သူကမှ သိုင်းပညာ တစ်ခု၊နှစ်ခုမတတ်ဘဲ အပြင်သို့ လျှောက်မသွားရဲကြပေ။

မြေအောက်အကျဉ်းထောင်နှင့် သာမန် အကျဥ်း‌ထောင်မှာ ကွာခြားချက်တစ်ခုရှိသည်။ မူလခဲ့ရွမ်ဟာ စစ်ယွိဟန်အား အမှောင်ထု၊ ကြွက်များနှင့် ပြစ်ဒဏ်များအပြင် ဘာမှမရှိသော မြေအောက်အကျဉ်းထောင်ထဲသို့ ပို့ရန်အထိ ရက်စက်သည်။

အစောင့်များသည် ခဲ့ရွမ်လာနေသည်ကိုတွေ့သောအခါ အလျင်စလို ဒူးထောက်ချလိုက်ကြ၏။ မင်းသား တစ်ပါးဟာ သူတို့ သွားရှုပ်လို့ရမည့်လူမျိုးမဟုတ်ပေ။

"အရှင့်သား" သူတို့အားလုံး နှုတ်ဆက်လိုက်ကြ၏။

ခဲ့ရွမ်သည် သူ့တို့အား ပြန်ထခိုင်းလိုက်သည်။

"စစ်ယွိဟန် ဘယ်မှာလဲ.. ငါ့ကို လမ်းပြကြစမ်း!"

"အမိန့်တော်အတိုင်းပါ အရှင့်သား"

ခဲ့ရွမ်သည် သူ့ရှေ့မှ ခေါင်းငုံ့ပြီးလမ်းလျှောက်နေသော
အစောင့်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်
သူက မေးလိုက်၏။

"တစ်ယောက်ယောက်များ စစ်ယွိဟန်ကို လာတွေ့သေးလား"

အစောင့်က ပြန်ဖြေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now