Ch 98: ကြေကွဲဖွယ် ခဲ့နွန်/ကြေကွဲဖွယ် ခဲ့နွန်

10.5K 1.4K 15
                                        

(Unicode)

သို့သော် စစ်ယွိဟန်က မလိုချင်ရုံမက သူ့အရှေ့မှာ အမူအရာ မပြောင်းဖူးသော လင်ချင်းယဲ့ကပင် စစ်ယွိဟန်ကို မသင်ပေးချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု ခဲ့ရွမ် မမျှော်လင့်ထားပေ။

ယွီလျောင်းခရိုင် ခရီးစဉ်အပြီးမှာ သူတို့အားလုံး ဘာကြောင့် သိသိသာသာ ပြောင်းလဲသွားကြတာလဲ?

သူတို့ဆန္ဒမရှိတဲ့အတွက် ခဲ့ရွမ်မှာ တခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် လင်ချင်းယဲ့က သူ့ကိုပဲ ဆက်သင်ပေးပြီး ချီချန်က စစ်ယွိဟန်ကို သင်ပေးသည်။

ထို့အပြင် ခဲ့ရွမ်သည် ပြဿနာတစ်ခုကို တွေ့ရှိခဲ့သည်။
လင်ချင်းယဲ့က သူ့ဘေးမှာ ရှိနေသရွေ့ သူ့အပေါ် ချီချန်ရဲ့ အကြည့်တွေ အရမ်းလျော့သွားလိမ့်မည်။

တကယ့်ကို အံ့သြစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုပါပဲ။

ကျောက်စားပွဲတွင် မူလခဲ့ရွမ်၏ အလေ့အထဖြစ်သည့် မုန့်မျိုးစုံဖြင့် ပြည့်နေသည်။ မူလခဲ့ရွမ် လေ့ကျင့်ရေး လုပ်တဲ့အခါ အစားအသောက်တွေကို ဘေးမှာ အမြဲထားပေးရသည်။ သူက တကယ့်အစားအသောက် သမားတစ်ယောက်ပင်။

ခဲ့ရွမ်သည် ထိုင်ခုံပေါ်တွင်ထိုင်ပြီး မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ကျန်တစ်ဖက်ဖြင့် မုန့်များကို ပါးစပ်ထဲသို့ ထည့်နေသည်။ အဝေးက လေ့ကျင့်နေတဲ့ စစ်ယွိဟန်ကို သူ မျက်စောင်းထိုး လိုက်သည်။

"အစ်ကိုတော်.." ‌ခြေသံအချို့က အစေခံတချို့ရဲ့ သတိပေးချက်တွေနဲ့ရောပြီး ရပ်တန့်သွားသည်။

ခဲ့ရွမ်က တချက်ကြည့်လိုက်သည်။ ဒါ သူ့ရဲ့ညီမလေး မဟုတ်လား?

သူမ၏ မျက်လုံးဝိုင်းဝိုင်းများက ခဲ့ရွမ်ကို မကျေမနပ်ဖြင့် ကြည့်ကာ သူမဘေးတွင် အဒေါ်ကြီးတစ်ဦး ရှိနေသည်။ ခဲ့ရွမ်က သူမကို လက်ပြလိုက်၏။

ခဲ့နွန်သည် ရှေ့သို့ ပြေးချင်သော်လည်း သူမဘေးနားရှိ အစေခံအဒေါ်ကြီးအား လှမ်းကြည့်ကာ ခြေလှမ်း သေးသေးလေးအဖြစ်သို့ ပြောင်းသွားသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now