8.7K 1.4K 48
(Unicode)
ခဲ့ရွမ်က ဘာမှပြန်မပြောတာကိုမြင်တော့ ချီချန်က လှောင်ပြောင်လိုက်သည်။
"ဒါဆို မင်းမှာ တခြားအကြံအစည်မရှိဘူးဆိုတာကို မင်းဘယ်လို အာမခံနိုင်မလဲ.. မင်းက ဘာမှမကောင်းတဲ့ မင်းသားတစ်ပါးဆိုတာ လူတိုင်းသိတယ်..
မင်းဘာတတ်‌သေးနိုင်လဲ"
ခဲ့ရွမ်သည် လူအုပ်ကို စိတ်အားထက်သန်စွာ တစ်ချက် ကြည့်လိုက်ပြီး အများစုက သူ့ကို စိုက်ကြည့်နေ ကြသည်။ သူသည် ရုတ်တရက် သူ့ဓားကို ချလိုက်ပြီး သူတို့ရှေ့တွင် ဒူးထောက်လိုက်သည်။
ချီချန်သည် တခဏတာ ကြောင်သွားပြီးနောက်တွင် ကဲ့ရဲ့လိုက်သည်။
"မင်းသားလေး.. မင်းက ဖင်ကို မရမယ့်အချိန်နဲ့ ကန်ရမယ့်အချိန်ကို သိသားပဲ!"
မင်းရဲ့အသက်ကို ကယ်တင်ဖို့ ဒူးထောက်နေတယ်.. သူရဲဘောကြောင်လိုက်တာ!
"ခဲ့ရွမ်.. မင်းက တော်တော် ရွံရှာစရာကောင်းတာဘဲ"
"ဟုတ်တယ် သူအပိုင်းပိုင်းဖြစ်သွားရင်တောင် ငါတို့ရဲ့ မုန်းတီးမှုကို မနှိမ်နှင်းနိုင်ဘူး"
"အကြီးအကဲ.. သူ့ကိုသတ်လိုက်ပါ"
"သူ့ကိုသတ်!"
ခဲ့ရွမ်၏ အကြည့်များသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရှက်ရွံ့မှုမရှိဘဲ ခိုင်မြဲနေ၏။
"ခွင့်လွှတ်ပါလို့ တောင်းရမ်းရမယ့်အစား ဒူးထောက်ပြီး တောင်းပန်ပါတယ်.. အဲဒီတုန်းက ငါ့ခမည်းတော်ရဲ့ ပေါ့ဆမှုကြောင့် အမှားလုပ်မိခဲ့တယ်.. သူတို့အတွက် ငါ အကာအကွယ်မပေးနိုင်ခဲ့ဘူး.. ပြီးခဲ့တာက ပြီးသွားပြီ..
ဘာမှ မပြောင်းလဲနိုင်တော့ဘူး"
"အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက မီးတောက်နီ တိုင်းပြည်ကို လူတော်တော်များများ အယုံအကြည် ပျက်စေခဲ့တယ်ဆိုတာ ငါသိပါတယ်.. ဒါပေမယ့် မင်းတစ်သက်လုံး ဒီအမှားကြီးကို ခံယူဖို့ ဆန္ဒရှိလား?"
"ဒီအမှုက မှားယွင်းစွာ စွဲချက်တင်ခံရတယ်လို့ ဘယ်သူက ယုံမှာလဲ? အားလုံးက ချီမိသားစု သစ္စာဖောက်မှုနဲ့ ချီမိသားစုနဲ့ မင်းလူတွေအားလုံးဟာ အပြစ်ရှိတဲ့ အရာရှိတွေရဲ့ သားစဉ်မြေးဆက်တွေလို့ သိထားကြတယ်.. မင်း တစ်သက်လုံး ဒီအတိုင်း နေသွားဖို့ ဆန္ဒရှိလား?"
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now