Ch 65: ငါ့ကိုငါ အခုမှ မုန်းတီးမိတယ်/ငါ့ကိုငါ အခုမွ မုန္းတီးမိတယ္

10.2K 1.5K 18
                                    

(Unicode)

စစ်ယွိဟန်သည် သူ၏ နက်မှောင်သော မျက်လုံးများဖြင့် ချီချန်ကို တစ်ချက်ကြည့်လိုက်သည်။ ချီချန်၏ လှောင်ပြောင်သော မျက်လုံးများ အေးခဲသွားသည်ကို မည်သူမျှ သတိမထားမိလိုက်‌ပေ။ သူသည် သူ့လက်‌ထဲရှိ တူအား အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"အစ်ကိုချင်းယဲ့ မင်း အစာစားပြီးပြီလား" ချီချန်သည် လင်ချင်းယဲ့ကို ကြည့်လိုက်သည်။

ခဲ့ရွမ်သည် ချီချန်ကို ကြည့်လိုက်သည်။ သူဘာဖြစ်‌နေတာလဲ? စစ်သူကြီးလင်က သူ့ပန်းကန်ထဲထည့်ထားတဲ့ အစားအစာ အားလုံးကို မထိဘူးဆိုတာ သူ သတိမထားမိဘူးလား။

လင်ချင်းယဲ့က သူ့ကို ပြန်မဖြေပေမယ့် သူ့ရဲ့ ကြည့်ကောင်းတဲ့ မျက်ခုံးတွေကို ပင့်လိုက်သည်။

ချီချန်က စိတ်မရှည်စွာ တူများကို ချလိုက်သည်။

"တစ်​​ယောက်​​ယောက်​လာပြီး ဒီပန်းကန်​​တွေကို
ဖယ်​ထုတ်လိုက်​‌တော့"

ခဲ့ရွမ်သည် အစားအစာများ ဖယ်ထုတ်နေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရပြန်သည်။

စကားတစ်ခွန်းမှ မပြောဘဲ ချီချန်သည် ပြန်ထွက်သွားတော့၏။

ခဲ့ရွမ်သည် ထိုကဲ့သို့ ပြင်းထန်သော အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားသည်။

"စစ်သူကြီးလင်.. ချီချန် တစ်ခုခု ဖြစ်နေတာလား"

အတန်ကြာစဉ်းစားပြီးနောက် ခဲ့ရွမ်က ထပ်မေးလိုက်ပြန်သည်။

"ဘာလို့ သူ့ကို သွားမကြည့်တာလဲ"

လင်ချင်းယဲ့က နှုတ်ခမ်းတင်းတင်းစေ့ရင်း ခဲ့ရွမ်ကို ကြည့်လိုက်သည်။

"ခဲ့သခင်လေး.. သူက သင့်ကို အဲလို ဆက်ဆံတယ်..."

ခဲ့ရွမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး.. ချီချန်က ငါ့ကို အိပ်ယာနဲ့ ‌နေစရာ ပေးတယ်။ နောက်ပြီး သူက ငါ့ကို ဘာမှ မလုပ်ဘူးလေ"

ချီချန်၏ အသက်အရွယ်သည် လင်ချင်းယဲ့ထက်ပင် အနည်းငယ် ငယ်သေးသည်။ သူတို့သည် ဆယ့်ခုနှစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ရှိကြပြီး ခဲ့ရွမ်သည် သူတို့၏ ဦးလေးဖြစ်ရန် လုံလောက်သော အသက်သုံးဆယ် ရှိနေပြီဖြစ်သည်။ ဒီလို အသေးအမွှားကိစ္စနဲ့ ပတ်သက်ပြီး သူ စိတ်ရှုပ်မခံနိုင်ပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now