Ch 133: လက်စားချေတာလား?/လက္စားေခ်တာလား?

11.3K 1.2K 14
                                        

(Unicode)

ခဲ့ရွမ်သည် သူ၏ဒူးခေါင်းလေးများကို တိတ်တဆိတ် ပွတ်သပ်ရင်း စစ်ယွိဟန်အား မော့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုပြန်ငုံ့ကာ တွေးတောလိုက်၏။
'သူက အခုအချိန်မှာ ဧကရာဇ်ပဲ။ လူတစ်ယောက်ရဲ့ ရှင်ခြင်း၊ သေခြင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့အထိ တန်ခိုးကြီးမားတယ်။ ငါသူ့ကို သွားစော်ကားလို့မရဘူး'

သို့သော်လည်း ခဲ့ရွမ်၏ သေးငယ်သောလှုပ်ရှားမှု များကို စစ်ယွိဟန်က ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူသည် ရုတ်တရတ် ပြုံးမိလိုက် သော်လည်း ထိုအပြုံးသည် ချက်ချင်းပျောက်ကွယ် သွားပြီး သူ့အကြည့်က ပိုအေးစက်လာသည်။

"ခဲ့ရွမ် မတွေ့တာကြာပြီနော်" စစ်ယွိဟန်သည် သူ့ရှေ့တွင်ရပ်ကာ အမြင့်မှ ငုံ့ကြည့်နေ၏။

ခဲ့ရွမ်သည် ခေါင်းမော့လိုက်တဲ့အခါ စစ်ယွိဟန်၏ နူးညံ့တဲ့ မေးစေ့ကို မြင်လိုက်ရသည်။ 'ဒီလိုရိုးရှင်းတဲ့ နှုတ်ခွန်းဆက်သမှုကို ငါဘယ်လိုပြန်ဖြေရမလဲ'

"ဟုတ်တယ်.. ငါတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့တာ အတော်ကြာနေပြီ"

"အမှန်ပဲ.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါမင်းကို အရမ်းလွမ်းနေခဲ့တာ.. ငါ မင်းကို အရမ်းလွမ်းတယ်"

စစ်ယွိဟန်က ဆက်ပြောလိုက်၏။
"တကယ်‌တော့ သိပ်မကြာပါဘူး..အတိအကျပြောရရင် လွန်ခဲ့တဲ့ တစ်လခွဲလောက်က ငါတို့အဝေးကနေ တွေ့ခဲ့သေးတယ်.. မင်း မေ့နေခဲ့တာလား"

ခဲ့ရွမ်သည် သူမည်ကဲ့သို့ပြန်‌ဖြေသည်ဖြစ်စေ ဇာတ်လိုက်သည် သူ၏အဖြေကို ကျေနပ်မှာမဟုတ်ဟု သူ ခံစားမိသည်။

ခဲ့ရွမ်သည် သူ့တံတွေးကိုမျိုချလိုက်ပြီး ခါးသက်စွာ ရယ်မောကာ နောက်ဆုံးတွင် စစ်ယွိဟန်၏မေးခွန်းကို မဖြေရန် ဆုံးဖြတ်လိုက်သည်။

"ဘာဖြစ်လို့လဲ? ငါတို့ မတွေ့ရတာ ခုနစ်နှစ်တောင်ရှိပြီ။ မင်းဘာလို့ ငါ့ကို စကားတစ်ခွန်းပြောဖို့တောင် ဆန္ဒမရှိရတာလဲ?" စစ်ယွိဟန်သည် ငုတ်တုတ်ထိုင်နေပြီး အထူးသဖြင့် "ငါ့ကို"ဆိုတဲ့ စကားလုံးကို လေးလေးနက်နက် ပြောလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now