Ch: 18 (U+Z)

13.9K 2K 35
                                    

Unicode

Chapter-18 စတင်ခြင်း။

စစ်ယွိဟန်၏လက်က ရပ်တန့်သွားသည်။
သူ့မျက်လုံးများသည် ခဲ့ရွမ်လက်မောင်းပေါ်က
ဒဏ်ရာကိုသာ စိုက်ကြည့်နေသည်။ အပြင်မှာ မှောင်နေ၏။ သူ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေမယ့် သွေးနံ့ပြင်းပြင်းက အဖြစ်မှန်ကို သတိပြန်ရစေသည်။

သူ့လက်တွေ ဖြူစုတ်လာသည်အထိ ဖြည်းဖြည်းချင်း လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်မိသည်။

ခဲ့ရွမ်သည် ကမ်းပေါ်မှ အာရုံပြန်လှည့်လာသည်နှင့်
တပြိုင်နက် သူ့လက်ထဲကကလေး ထူးထူးခြားခြား တစ်ခုခု ဖြစ်နေသည်ကို သူခံစားလိုက်ရသည်။

သေစမ်း!

ခဲ့ရွမ်သည် သူ့ကိုယ်သူ တိတ်တဆိတ် ကြိမ်းမောင်းလိုက်သည်။ သူ စစ်ယွိဟန်ကို အကြာကြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် အသက်ရှူကျပ်သွားနိုင်သည်။ သူနဲ့မတူဘဲ စစ်ယွိဟန်က ကလေးသာရှိ‌သေးသည်လေ။

ခဲ့ရွမ်သည် စစ်ယွိဟန် စကားတစ်ခွန်းမှ မပြောသည်မှာ ကြာနေပြီဆိုတာ သိလိုက်ရသည်။

ခဲ့ရွမ်က သူ့ကိုကြည့်နေတာကို သတိထားမိတော့ စစ်ယွိဟန်ရဲ့ မျက်လုံးတွေက အေးစက်လာသည်။
သူ သတိမထားမိစွာဘဲ ပြုံးလိုက်မိသည်။

သူ ကြိုးစားရုန်းကန်နေဖို့ မလိုဘူး။

သေသင့်တဲ့လူတွေက ဘာပဲဖြစ်ဖြစ် သေမှာပဲ။

အနည်းငယ် အေးစက်နေသော လက်တစ်စုံက သူ့မျက်နှာကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
ခဲ့ရွမ်ကို တိုက်ခိုက်တော့မည့် သူ၏ညာဘက်လက်သည် ရုတ်တရက် အေးခဲသွား၏။

ထို့နောက် နွေးထွေးသော နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းပေါ် ဖိကပ်လာတာကို ခံစားလိုက်ရသည်။

စစ်ယွိဟန်၏ မျက်လုံးအိမ်များသည် ပြူးကျယ်လာ၏။
သူ့မျက်နှာကို အနီးကပ်ကြည့်မယ်ဆိုရင် သူ့ရဲ့ မျက်လုံးထဲက မနာလိုမှုတွေဟာ လုံးဝကို ထိတ်လန့်တကြားဖြစ်မှုတွေ အစားထိုးသွားသည်ကို တွေ့ရလိမ့်မည်။

သူဘာမှ မတတ်နိုင်ခင်မှာပဲ သူ့ပါးစပ်ထဲကို လေတစ်ချက် မှုတ်သွင်းတာ ခံလိုက်ရလေသည်။ စစ်ယွိဟန်သည် လုံးဝအေးခဲသွား၏။ သူ မလှုပ်နိုင်သလို အသက်လဲ ရှူမရ‌ပေ။ သူ လွတ်မြောက်ဖို့ ရုန်းကန်ဖို့တောင် မေ့သွားရသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now