Ch: 39 Something Was Not Right

10.5K 1.6K 9
                                    

(Unicode)

Chapter-39 Something Was Not Right

ညအချိန်။

ခဲ့ရွမ်က စားပွဲထိုးကို သူ့ပုံစံ ရုပ်ဖျက်ခိုင်းပြီး သူ့အခန်းထဲမှာ နေခိုင်းလိုက်သည်။ လင်ချင်းယဲ့သည် စိတ်ရှည်သည်းခံပြီး စောင့်နိုင်သူမဟုတ်ပါ။ ဒါကြောင့် တစ်ခုခုလုပ်မယ်လို့ ဆုံးဖြတ်ထားရင် မနက်ဖြန်ညအစား ဒီညသွားလိမ့်မည်။ ခဲ့ရွမ်က သူ့နောက်ကိုလိုက်ဖို့ ဆုံးဖြတ်လိုက်၏။

သူသည် သူ့ကိုယ်သူ အစောင့်အကြပ်အဖြစ် အသွင်ဆောင်ကာ အဖွဲ့၏အဆုံးတွင် ရှိနေသဖြင့် လင်ချင်းယဲ့အား တစ်ချိန်တည်းတွင် သတိမပြုမိစေဘဲ လိုက်သွားနိုင်သည်။

တောင်ခြေရင်းသို့ ရောက်သောအခါ လင်ချင်းယဲ့က စစ်သည်အနည်းငယ်ကို တောင်ပေါ်တက်ဖို့ စေလွှတ်ခဲ့ပြီး တခြားသူတွေကို အောက်မှာသာ နေခဲ့စေသည်။ ရိုးရိုးသားသားပြောရရင် ခဲ့ရွမ်က တကယ်ကို စိတ်လှုပ်ရှားနေခဲ့သည်။ စာအုပ်အရ လင်ချင်းယဲ့သည် ဤနေရာတွင် သေဆုံးခဲ့သည်။ စာအုပ်က အသေးစိတ် မဖော်ပြထားပေမယ့် ခဲ့ရွမ်သည် ဤနေရာရှိ ဓားပြများက အလွန်ရက်စက်ပြီး ကြမ်းကြုတ်သောကြောင့်ဟု ယူဆပါသည်။

လင်ချင်းယဲ့ကို ကယ်တင်နိုင်မလားဆိုတာ သူလဲ အတိအကျ မသိပေ။ စစ်ယွိဟန်သည် အမှောင်ထဲ၌ အနီးနားရှိ သစ်ပင်တစ်ပင်ပေါ်တွင် ပုန်းနေခဲ့ပြီး ခဲ့ရွမ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ခဲ့ရွမ်သည် လင်ချင်းယဲ့၏နောက်သို့ လိုက်ရန် အဘယ်ကြောင့် အတင်းအကြပ်ကြိုးစားခဲ့သည်ကို သူနားမလည်နိုင်‌ပေ။ မကြာသေးမီအချိန်မှစ၍ ခဲ့ရွမ်သည် လင်ချင်းယဲ့၏ အရိပ်နီးပါးဖြစ်ခဲ့သည်။

ဆယ့်ငါးမိနစ်ထက်မပိုသော အချိန်တွင် ထိုစစ်သည်တော် အားလုံးသည် ပုံစံသစ်ဖြင့် ပြန်လာကြသည်။ သူတို့အားလုံး ဟန်ချက်ထိန်းဖို့ တစ်ယောက်ကိုတစ်ယောက်ဆုပ်ကိုင်ထားရင်း မျက်နှာပေါ်မှာလည်း သွေးတွေ ရွှံ့တွေနဲ့ ရှုပ်ပွနေခဲ့သည်။

လင်ချင်းယဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာဖြစ်ကြတာလဲ"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now