10.8K 1.2K 34
(Unicode)
စစ်ယွိဟန်သည် ခဲ့ရွမ်ကို အရှက်တကွဲဖြစ်စေရန် အမျိုးသမီး အ၀တ်အစားများကို အသုံးပြုမည်ဟု တွေးထားသော်လည်း သူ မလုပ်ခဲ့ပေ။ သူပုံမှန် ဝတ်နေကျ၀တ်စုံနဲ့ မတူတဲ့ ယောက်ျားဝတ် ဝတ်စုံပဲ ဖြစ်သည်။ ၀တ်ရုံ၏ ဒီဇိုင်းနှင့်လက်ရာသည် အနီရောင် တောက်တောက်အစား ရွှေရောင်နှင့် အနက်ရောင် ပေါင်းစပ်မှုတွင် ပို၍ပင် လက်ရာမြောက်ပြီး မိန်းမဆန်သည့်အစား မြင့်မြတ်သည်။
သူသည် အဝတ်အစားတွေကို ထိပြီး ထိတ်လန့်သွားရ၏။
သူလဲဝတ်ပြီးသွားတဲ့အခါ ဒီဝတ်စုံဟာ သူနဲ့ အရမ်း လိုက်ဖက်မယ်လို့ မမျှော်လင့်ထားပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူ့ခန္ဓာကိုယ်ကို တိုင်းတာရန် အမျိုးသမီး ချည်ထိုးသမားတစ်ယောက်မျှ မရှိခဲ့ဘဲ ဤဝတ်စုံသည် သူနှင့် ဘာကြောင့် လိုက်ဖက်လွန်းသနည်း။
ထို့နောက် သူ၏မယားငယ်များကို စစ်ယွိဟန်သည် သူ၏ မောင်းမဆောင်ထဲသို့ ခေါ်ဆောင်သွားကြောင်း သတိရသွားသည်။ အမျိုးသမီးပန်းထိုးသမား အနည်းငယ်ကို သူဘာမှလုပ်မည်မဟုတ်ပါ။ ထို့ကြောင့် သူ့အရွယ်အစားသည် ဧကရာဇ်အဝတ်အစားဌာနတွင် ကျန်ရှိနေသင့်သည်။
ထို့ကြောင့် သူနှင့်လိုက်ဖက်သည့် အဝတ်အစားသည် မထူးဆန်းပေ။
"ဧကရီ.. အရှင်မင်းမြတ်က ကျွန်တော်မျိုးမတို့ကို မျက်နှာခြယ်သပေးဖို့ အမိန့်ပေးလိုက်ပါတယ်"
'မျက်နှာခြယ်သပေးမယ်?'
ယောက်ျားတစ်ယောက်အနေနဲ့ ဒီလိုလုပ်ဖို့ လိုအပ်လို့လား?
"မလိုပါဘူး၊ ကျေးဇူးပဲ"
"ကျေးဇူးပြုပြီး ဧကရီ.. ကျွန်တော်မျိုးမတို့..."
စကားအနည်းငယ်ကို ဆက်မပြောမီတွင် သူမ၏ အသံသည် တစ်ဖန်ဆို့နင့်လာသည်။
ခဲ့ရွမ် ဒေါသထွက်လုနီးပါးဖြစ်ခဲ့သော်လည်း ဤ‌ဒေါသသည် သူတို့နှင့် စစ်ယွိဟန်ထံမှမဟုတ်ပဲ သူ့ကိုယ်သူပင်ဖြစ်ခဲ့သည်။
"ကောင်းပြီ.. လာ.. လာ"
ခဲ့ရွမ်သည် စားပွဲတင်ခုံရှေ့မှာ ကူကယ်ရာမဲ့ထိုင်ကာ မှန်ထဲမှ သူ့ကိုယ်သူ ကြည့်နေသည်။ ရိုးရိုးသားသား ပြောရရင် သူ့မျက်နှာက ယောက်ျားလား၊ မိန်းမလား ဆိုတာ ပြောဖို့ခက်တယ်လို့ သူခံစားရ၏။ နှင်းဆီရောင် နှုတ်ခမ်းများ၊ တောက်ပသော မျက်လုံးများ၊ သွားဖြူဖြူများ၊ လှပသော မျက်ခုံးမွှေးများနှင့် သူ့မျက်နှာပေါ်ရှိ နှာတံမြင့်မြင့်သည် အမျိုးသမီး များထက်ပင် ပို၍ချစ်စရာကောင်းနေပါသည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now