Ch: 29 (U+Z)

12.4K 1.8K 38
                                    

Unicode

Chapter-29 မကြောက်နဲ့ ငါဒီမှာရှိတယ်။

ခဲ့ရွမ်သည် သူ့စကားကြားပြီးနောက် အနည်းငယ် သက်သာရာရသွားသည်။ သို့သော် သူသည် ဒေါသကြီးသော စစ်ယွိဟန်အကြောင်းကို သိသည်။ ဧည့်သည်တချို့ကို ဖျော်ဖြေခိုင်းတာထက် သူ့ကို သတ်ပစ်ရတာကမှ ပိုလွယ်အုံးမည်။

မဟုတ်သေးဘူး.. မဟုတ်သေးဘူး။ အရာအားလုံးက ဒီထက် ပိုကြောက်စရာကောင်းတယ်။ စစ်ယွိဟန်သည် ဘယ်လို ရက်စက်သောနည်းဖြင့် လက်စားချေရမည်ကို သိသည်။ သူကြီးပြင်းလာပြီး ပိုအင်အားကြီးလာတဲ့အခါ မီးတောက်နီ တိုင်းပြည်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ပြီးတာတောင် မကျေနပ်နိုင်သေးပေ။ ဒီလို ဆောင်ကြာမြိုင် သေးသေးလေးဆို ပြောမနေနဲ့။

ခဲ့ရွမ်သည် ထိုလူနှစ်ယောက်ကို ကိုင်တွယ်နိုင်တယ် ဆိုတာ သေချာပါသည်။ သို့သော် သူပိုပြီး အာရုံစိုက်မခံချင်တဲ့အတွက် စစ်ယွိဟန်ကို ခေါင်မိုးကနေဝင်ပြီး တိတ်ဆိတ်စွာကယ်တင်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့စိတ်ထဲမှာ ပြင်ဆင်ပြီးပြီ ဖြစ်သည်။ သူက လှည့်ပြီး ချင်းနျန်ကို ပြောလိုက်၏။
"လုံခြုံတဲ့ တစ်နေရာရာမှာ သွားပုန်းနေလိုက်.. မင်းကို ခေါ်သွားမယ်ဆိုတဲ့ ငါ့ကတိကို ငါဖျက်မှာ မဟုတ်ဘူး။ ဒါကြောင့် စိတ်မပူနဲ့။ ငါ့သူငယ်ချင်းကိုရရင် မင်းရဲ့ လွတ်လပ်မှုကို ပြန်ဝယ်ပေးမယ်။ ပြီးတော့ ဝမ်တကျားကိုလဲ သူနဲ့ထိုက်တန်တဲ့အရာကို ငါသေချာပေါက် ပြန်ပေးပြမယ်"

ဝမ်တကျားလို လူတွေကို အပြစ်မပေးရင် လူတွေရဲ့ ဘဝတွေ ပိုပျက်စီးသွားလိမ့်မည်။ သူသည် အခြားသူများ၏လုပ်ငန်းကို ဝင်မစွက်ဖက် ချင်သော်လည်း သူကိုယ်တိုင်ပါ ဝင်‌ရောက်ပတ်သတ် လာရသောကြောင့် ၎င်းကို ကောင်းစွာ ဖြေရှင်းရပေလိမ့်မည်။

ချင်းနျန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"သတိထားပါ" ထို့နောက် သူမသည် ကျောက်တုံး‌တွေဆီသို့ လျှောက်သွားလိုက်သည်။

ခဲ့ရွမ်သည် စင်္ကြံလမ်းအတိုင်းပြေးပြီး အိမ်ခေါင်မိုးပေါ်သို့ ခုန်ဆင်းကာ ငြိမ်သက်စွာ ဆင်းသက်ခဲ့သည်။ သူ ကြွေပြားအနည်းငယ်ကို ဖယ်ထုတ်လိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now