Ch: 48 Just Trying to Make up for It

9.9K 1.6K 40
                                    

(Unicode)

Chapter-48 Just Trying to Make up for It

စစ်ယွိဟန် အိပ်ပျော်သွားသည်ကို မြင်လိုက်ရသဖြင့် ခဲ့ရွမ်သည် သူ့လက်ကို လွှတ်လိုက်ပြီးနောက် လင်ချင်းယဲ့က သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက် ရသည်။ ခဲ့ရွမ်သည် စစ်ယွိဟန်၏ ဆံပင်တွေကို ထိလိုက်ပြီးနောက် ဘာသံမှ မကြားစေရဘဲ ခိုးထွက်သွားတော့သည်။ လင်ချင်းယဲ့က သူ့နောက်ကို လိုက်လာပြီး မေးလိုက်၏။

"ဒီကိစ္စတွေအားလုံး ပြီးသွားရင် စစ်ယွိဟန်ကို ဘာဆက်လုပ်မှာလဲ"

ခဲ့ရွမ်သည် သူ့ပါးစပ်ထဲသို့ အစာထည့်ရင်း ခေတ္တရပ်လိုက်ပြီး ပြုံးရုံသာ ပြုံးလိုက်သည်။ လင်ချင်းယဲ့က ပိုပိုပြီး စိတ်ဆိုးလာ၏။

"သင် အရင်က စစ်ယွိဟန်ကို အရမ်းမုန်းခဲ့ဖူးတယ်.. ဘာလို့ ရုတ်တရက်ကြီး သူ့အ‌ပေါ် အရမ်းကောင်းသွားရတာလဲ"

ခဲ့ရွမ်သည် လင်ချင်းယဲ့၏အသံမှ စိတ်မရှည်မှုကို သတိထားမိသော်လည်း သူပြောချင်တဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသိသည်။ ထို့ကြောင့် သူက ပြုံးပြီး ပြောလိုက်၏။

"ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ နုံအတယ်.. ငါလုပ်ခဲ့တာတွေ အတွက် မင်း ငါ့ကိုမုန်းတီးပြီး ယွိဟန်ကို အကြိမ်ပေါင်းများစွာ ကူညီခဲ့ဖူးတယ်မဟုတ်လား"

"ကျွန်တော် သူ့ကို မကူညီခဲ့ဘူး.. အတိအကျတော့ မဟုတ်ဘူးပေါ့"

လင်ချင်းယဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူအမှန်အတိုင်း ပြောနေတာ ဖြစ်သည်။ သူသည် စစ်ယွိဟန်ကို အများကြီး မကူညီခဲ့ပေ။ အကြိမ်ပေါင်းများစွာတော့ သတိပေးခဲ့ဖူးသည်။ သို့သော် သူ၏ ကြင်နာမှုသည် ခဲ့ရွမ်အား စစ်ယွိဟန်ကို ပို၍မုန်းတီးစေခဲ့တာကြောင့် စစ်ယွိဟန်အား သတိပေးခြင်းမှ ရပ်တန့်လိုက်လေသည်။

"ဒါပေမယ့် သခင်လေး.. ဒါက သင့်ရဲ့ နောက်ထပ်ကစားနည်း မဟုတ်ဘူးလား"

ခဲ့ရွမ်က မျက်မှောင်ကြုတ်လိုက်သည်။

"လုံးဝမဟုတ်ဘူး.. စစ်သူကြီးလင် ငါက မင်းရဲ့ စိတ်ထဲမှာ မကောင်းဆိုးဝါးနဲ့ တူနေတာလား"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now