Ch 87: လင်ချင်းယဲ့က နာခံတတ်တဲ့ ဇနီးသည်တစ်ယောက်လိုပဲ

8.9K 1.3K 63
                                    

(Unicode)

"ငါ့မှာ အစီအစဉ်တွေရှိပြီးသားမလို့ စစ်သူကြီးလင် လွှတ်ထားလို့ရပါတယ်"

လင်ချင်းယဲ့က မမေးဘဲ မနေနိုင်ပေ။

"ဒါဆို ရှောင်ဟန့်ကို မြို့တော် ပြန်မခေါ်ဘူးလား"

ခဲ့ရွမ် ခေါင်းညိတ်လိုက်သည်။ အကြောင်း တစ်ခုခုကြောင့် လင်ချင်းယဲ့သည် စိတ်သက်သာရာ ရသွားသည်ဟု ယောင်ဝါးဝါးခံစားလိုက်ရသည်။

"နောက်တစ်ခုရှိသေးတယ်"

"အရှင့်သား မိန့်‌တော်မူပါ"

"ယွီရှင်းကို သူ့တိုင်းပြည် အမြန်ဆုံးပြန်ပို့လိုက်ပါ"
သူ့ကို တကယ် ထပ်မတွေ့ချင်တော့ဘူး။

လင်ချင်းယဲ့က ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့"

ခဲ့ရွမ်သည် သူအလိုရှိသည့်အတိုင်း လုပ်လိုက်ရ၍ ရင်ထဲရှင်းသွားလေသည်။ သို့သော် လင်ချင်းယဲ့သည် သူ့အခန်းထဲတွင် ငြိမ်လျက်ရှိနေသေး‌သောကြောင့် ခဲ့ရွမ်သည် ဖိအားအနည်းငယ် ခံစားနေရသည်။
သူသည် လင်ချင်းယဲ့ကို မော့ကြည့်လိုက်သောအခါ လင်ချင်းယဲ့က တစ်ချိန်လုံး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ခဲ့ရွမ် မျက်မှောင်ကြုတ်ပြီး သူ့မျက်နှာသူ ကိုင်ကြည့်လိုက်သည်။

"စစ်သူကြီးလင်.. ငါ့မျက်နှာမှာ တစ်ခုခုရှိနေတာလား"

လင်ချင်းယဲ့သည် ထိတ်လန့်သွားပြီး ဆတ်ခနဲ ထရပ်လိုက်သည်။

'ဒိုင်း!' ခွေးခြေသည် မြေပြင်ပေါ်သို့ လဲကျသွားသဖြင့် လင်ချင်းယဲ့ ပို၍ တောင့်တင်းသွားခဲ့သည်။

"အရှင့်သား ခွင့်လွှတ်ပါ"

ခဲ့ရွမ်က ခဏ ငြိမ်နေပြီးမှ ပြောလိုက်သည်။

"မင်းကို အပြစ်မတင်ပါဘူး.. စိတ်ရှုပ်မခံပါနဲ့"

"ကျွန်တော် စိတ်မရှုပ်ပါဘူး!"

တနည်းနည်းဖြင့် စိတ်ဆိုးသွားသော လင်ချင်းယဲ့သည် ရုတ်တရက် အသံမြင့်မိသွားတာကြောင့် လျင်မြန်စွာ ဒူးထောက်လိုက်ပြန်သည်။

"ကျွန်တော့်ကိုခွင့်လွတ်ပါ"

ခဲ့ရွမ် "...."

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now