9.1K 1K 4
(Unicode)
ညအချိန်..
ခဲ့ရွမ်သည် သူ့လက်တွေကို ခေါင်းနောက်ဖက်မှာ ထားကာ လှဲလိုက်ပြီး စန္ဒကူးသင်းရနံ့က သူ့တစ်ကိုယ်လုံးကို ပြည့်သွားသည်။ ပြတင်းပေါက်မှ ဖြာကျနေသော လရောင်သည် ငွေရောင်သန်းနေ၏။
သူသည် တောက်ပသောမျက်လုံးများဖြင့် လရောင် ဖျော့ဖျော့ကို လှမ်းကြည့်လိုက်သည်။ အခု ပြန်စဉ်းစား ကြည့်လိုက်တော့ သူက ဒီကမ္ဘာမှာနေတာ ကြာနေပြီဖြစ်သည်။
အေးစက်သောလေက တိုက်ခတ်လာသဖြင့် ခဲ့ရွမ်သည် မထိန်းနိုင်ဘဲ တုန်နေသည်။ ရုတ်​တရက်​ သူ့ရင်​ထဲမှာ
အချက်​​ပေးသံ မြည်​လာ၏။ သူသည် ခံစစ် အနေအထားဖြင့် ခန္ဓာကိုယ်ကို အမြန်ထထိုင်လိုက်သည်။
ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့် ခပ်သေးသေး ပုံရိပ်ကလေးက သွက်သွက်လက်လက် ခုန်ဆင်း လာသည်။ ခဲ့ရွမ်က သက်ပြင်းတစ်ချက်ချပြီး ထိုကောင်လေးအနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ရှောင်ဟန်.. မင်းဘာလို့ဒီကိုရောက်နေတာလဲ.. ဒီမှာအန္တရာယ်များတယ်.. မြန်မြန်ပြန်တော့"
စစ်ယွိဟန်က သူ့ကိုကြည့်ကာ စကားမပြောဘဲ ပွေ့ဖက်လိုက်သည်။
ခဲ့ရွမ် သက်ပြင်းချလိုက်ပြီး သူ့ဆံပင်တွေကို ပွတ်သပ်လိုက်၏။
"တစ်ယောက်တည်း အိပ်ရမှာကြောက်လို့လား"
စစ်ယွိဟန်က "အင်း" ဟု တိုးတိုးလေး ပြန်ဖြေသည်။
အချိန်အများစုမှာ ဇာတ်လိုက်သည် အလွန် နာခံသောကြောင့် ခဲ့ရွမ် အနည်းငယ် နာကျင်သွားသည်။
စစ်ယွိဟန်သည် ဘာမှမတောင်းဆိုပဲ ခဲ့ရွမ်နှင့်သာ အတူနေသည်။
နန်းတော်အပြင်ဘက်မှ ထွက်ပေါ်လာသော ကျယ်လောင်သည့်အသံသည် ခဲ့ရွမ်ပင် ကြားလိုက်ရသည်။ ထိုအချိန်တွင် ခဲ့ရွမ်သည် စစ်ယွိဟန်အား ထမင်းကျွေးနေသည်။ သူသည်
အကျဉ်းချခံရသော်လည်း တိုင်းပြည်၏အိမ်ရှေ့စံအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် ကောင်းစွာ ဆက်ဆံခံရဆဲဖြစ်သည်။
သို့သော် အသံက ပိုကျယ်လောင်လာသည်။ ခဲ့ရွမ်သည် မျက်မှောင်ကြုတ်ပြီး စစ်ယွိဟန်အား ပြောလိုက်သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now