Ch: 12 (U+Z)

13.7K 2K 7
                                    

Unicode

Chapter-12 အိမ်မက်ဆိုး။

ရထားလုံးသည် ကျယ်သော်လည်း အလုံအလောက် မရှည်ပါချေ။ ခဲ့ရွမ်သည် အရပ်အရမ်းမရှည်တာတောင်
ဖြောင့်ဖြောင့်တန်းတန်း အိပ်လို့မရပါ။

အချိန်အတော်ကြာပြီးနောက် ခဲ့ရွမ်သည်
အိပ်ငိုက်မှုကို မခံစားရတော့ပေ။ သူထလိုက်ပြီး စစ်ယွိဟန်ဆီသို့ လက်ပြကာ မေးလိုက်သည်။
"မင်း..ခနလောက် အိပ်ချင်လား"

စစ်ယွိဟန်က ခေါင်းခါပြီး သိပ်မအေးတဲ့လေသံနဲ့ ပြောလိုက်သော်လည်း ခံစားချက်မရှိပေ။
"မလိုပါဘူး..သင့်ဟာသင် အိပ်ပါ"

ခဲ့ရွမ်၏ မျက်လုံးများ တောက်ပနေခဲ့သည်။
'ဇာတ်လိုက်က ငါ့ကို တကယ်ဂရုစိုက်တယ်လို့ ဆိုလိုတာလား။ အဲဒီလိုပဲ ဖြစ်ရမယ်။' ထို့နောက် ခဲ့ရွမ်သည် ပြန်အိပ်ငိုက်လာသဖြင့် ထိုအကြောင်းကို တွေးတောကာ ရထားလုံးပေါ်တွင် စိတ်ချလက်ချ အိပ်ပျော်သွားခဲ့သည်။

ညအချိန်၌ လင်ချင်းယဲ့၏ အမိန့်အရ အပြင်မှ အစောင့်များသည် ခဲ့ရွမ်ကိုမနိုးစေရန် ဆူညံသံများ မပြုဝံ့ကြပေ။ တစ်ညလုံး တိတ်ဆိတ်နေပြီး ရံဖန်ရံခါ ခြေသံအချို့သာ ရှိခဲ့သည်။

လရောင်သည် ရထားလုံး၏ ဖွင့်ထားသော ကန့်လန့်ကာမှတဆင့် တိုးဝင်တောက်ပလာကာ
ခဲ့ရွမ်၏မျက်နှာအား အလွန်ဖွေးဥပြီး တောက်ပြောင်လာစေသည်။

စစ်ယွိဟန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။

မသိစိတ်‌ကြောင့် သူ့လက်ချောင်းတွေက နည်းနည်း လှုပ်သွားသည်။ ထို့နောက် သူ ခဲ့ရွမ်ဆီသို့ လျှောက်သွားလိုက်၏။

ခဲ့ရွမ်သည် ကလေးတစ်ယောက်လို အိပ်နေသည်။
စစ်ယွိဟန်က တွေးလိုက်၏။ သူ အိပ်ပျော်ရင်းနဲ့ သေဆုံးသွားရင် ဘယ်လိုလုပ်မလဲ။

စစ်ယွိဟန်က သူ့လက်တွေကို ခဲ့ရွမ်ရဲ့လည်ပင်းဆီ လှမ်းရင်း ပြုံးလိုက်သည်။ လည်ပင်းက သေးသွယ်တဲ့ အတွက် အားနည်းနည်းသုံးလိုက်တာနဲ့ရ၏။

ခဲ့ရွမ်သည် အန္တရာယ်ကို သတိပြုမိသည့်အလား မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်
သူနိုးမလာပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now