Ch 94: ထွက်ခွာခြင်း/ထြက္ခြာျခင္း

8.9K 1.3K 40
                                    

(Unicode)

"တော်ပါသေးတယ်.. ဘာမှ ကြီးကြီးမားမား မရှိဘူး.. အရှင့်သား စိတ်ချလို့ရပါတယ်"

ဟုတ်တာပေါ့.. သူဘယ်လို စိတ်မချဘဲနေနိုင်မှာလဲ?

ခဲ့ရွမ် ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့.. စစ်သူကြီးလင် ကျေးဇူးပြုပြီး စောစောအနားယူပါ"

လင်ချင်းယဲ့က မတ်တပ်ထရပ်ပြီးနောက် တစ်ဖက်က စစ်ယွိဟန်ကို မြင်လိုက်ပုံရသည်။ သူက နှုတ်ခမ်း ပါးပါးလေးကို တင်းတင်းစေ့ပြီး နောက်ဆုံးတော့ သူ့အ‌ကြောင်း ဘာမှပြန်မပြောတော့ဘဲ ထွက်သွားလေသည်။

"အရှင့်သား.. စောစောအနားယူပါ မနက်ဖြန်မနက် ထွက်ရတော့မယ်"

"ကောင်းပြီ!"

ခဲ့ရွမ်က ပခုံးတွန့်လိုက်ပြီး ခေါက်ကန့်လန့်ကာနောက် လျှောက်သွားလိုက်သည်။
"ပြီးပြီလား?"

စစ်ယွိဟန်၏ မျက်နှာသည် ရေငွေ့ထဲတွင် ဖုံးကွယ် ထားသောကြောင့် ခဲ့ရွမ်သည် သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

"မင်းအခန်းထဲပြန်ရအောင်.. ဟုတ်ပြီလား" ခဲ့ရွမ်က ပြောလိုက်သည်။ ဇာတ်လိုက်က ဒေါသထွက်နေသေးပြီး သူ့ကို စကားမပြောချင်တော့တာ သေချာပါသည်။ သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။ စစ်ယွိဟန်သည် အဓိကဇာတ်လိုက်ဖြစ်တဲ့အတွက် ခဲ့ရွမ်သည် သူ့ကို ဂရုစိုက်ပေးပြီး ပျော်ရွှင်အောင်လုပ်ပေးရပေလိမ့်မည်။

"မပြန်ဘူး!" စစ်ယွိဟန်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးတွေ မှေးမှိန်သွားသည်။
"ကျွန်တော့်ကို ထပ်ပြီးထားခဲ့ချင်နေတာမလား?"

"မဟုတ်ဘူး.. မဟုတ်ဘူး" ခဲ့ရွမ်သည် ဤအရာကို တကယ်တွေးနေတာမဟုတ်ဟု ကောင်းကင်ကို ကျိန်ဆိုလိုက်သည်။

"ကျွန်တော် ကြောက်တယ်" စစ်ယွိဟန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ခဲ့ရွမ်ရဲ့ အဝတ်အစားထောင့်ကို ကိုင်လိုက်ကာ သူ့ကို သနားစဖွယ်လေး ကြည့်လိုက်သည်။

ခဲ့ရွမ်၏ နှလုံးသားသည် တခဏချင်း ပျော့ပြောင်းသွားရ၏။ သူဘေးမှအဝတ်အစားများကို ဆွဲယူပြီး စစ်ယွိဟန်ကို သေချာဝတ်ဆင်ပေးလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now