Ch: 10 (U+Z)

14.6K 2.1K 33
                                    

Unicode

Chapter-10 စစ်ယွိဟန်အား ငါးကျွေးခြင်း။

ခဲ့ရွမ်၏စကားကိုကြားတော့ လင်ချင်းယဲ့ အံ့အားသင့်သွားသည်။ သူ့အာရုံတွေ အချိန်အတော် ကြာအောင် မစုစည်းနိုင်ခဲ့ချေ။ ခဲ့ရွမ်၏ သတိပေးမှုကြောင့်မဟုတ်ရင် သူကင်ထားတဲ့ငါးက မည်းတူးပြီး ပူကျစ်နေလောက်ပြီ။

လင်ချင်းယဲ့က ငါးကင်ကို ခဲ့ရွမ်ထံ ပေးအပ်လိုက်သည်။ "အရှင့်သား..သုံးဆောင်တော်မူပါ"

ခဲ့ရွမ်က ငါးကင်ကို ယူလိုက်သည်။ အကင်ခံထားရသော ငါးအသား၏ မွှေးရနံ့ပြင်းပြင်းသည် လေထဲတွင် ပျံ့လွင့်နေသည်။ ခဲ့ရွမ်က ရယ်ပြီး ပြောလိုက်သည်။

"ကျေးဇူးပဲ..စစ်သူကြီးလင် ကျေးဇူးပြုပြီး ငါ့ကို 'အရှင့်သား'လို့ ထပ်မခေါ်ပါနဲ့တော့။ 'သခင်လေး'
လို့ပဲခေါ်ပါ"

လင်ချင်းယဲ့ အနည်းငယ် ထိတ်လန့်သွားပြီးနောက် ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..သခင်လေး"

ဤအခိုက်အတန့်တွင် ခဲ့ရွမ်သည် ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်သို့ အေးစက်သောအကြည့်တစ်ခု ကျရောက်လာသလို ခံစားမိလိုက်သည်။ သူ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြီး ရထားလုံးရှိရာသို့ လှမ်းကြည့်လိုက်သည်။ စစ်ယွိဟန်က ရထားလုံးဘေးမှာ ခေါင်းကိုငုံ့ပြီးရပ်နေ၏။ သူ့ကြည့်ရတာ အတွေးနက်နေပုံရသည်။

ဒါကိုမြင်တော့ ခဲ့ရွမ် သူ့လည်ချောင်းထဲမှာ တစ်ဆို့လာသည်။ စစ်ယွိဟန်သည် အနာဂတ်တွင် ဧကရာဇ်ဖြစ်လာမည် ဖြစ်သော်လည်း ယခုသူသည် ကလေးသာရှိသေး၏။ သူသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများစွာကို ခံစားခဲ့ရသည်။ ဒီအရွယ်ကလေးတစ်‌ယောက်က အမြဲတမ်း တစ်စုံတစ်ယောက်ဆီမှာ အချစ်ခံရဖို့ မျှော်လင့်တတ်ကြသည်။ သို့‌သော် စစ်ယွိဟန်က ဘယ်တုန်းကမှ မချစ်မခံခဲ့ရပါ။ သူ့အပေါ်ကောင်းတဲ့ တစ်ဦးတည်းသော အစေခံကလဲ ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။

ဒီအ‌ကြောင်းကိုတွေးရင်း ခဲ့ရွမ်သက်ပြင်းချလိုက်သည်။
သူ မတ်တပ်ထရပ်ပြီး စစ်ယွိဟန်ဆီသို့ လျှောက်သွားလိုက်၏။ စစ်ယွိဟန်ရှေ့သို့ ရောက်သောအခါ သူ့ရဲ့နွေးထွေးသော လက်ကို ဆန့်ထုတ်လိုက်ပြီး စစ်ယွိဟန်ရဲ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ စစ်ယွိဟန်သည် သူ၏ ရုတ်တရတ်လုပ်ရပ်ကြောင့် အံ့သြသွားပြီး အော်ငေါက်ရင်းနဲ့ မသိစိတ်က လွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now