Ch 57 : Saved

10.4K 1.6K 45
                                    

(Unicode)

Chapter 57 Saved

စစ်ယွိဟန်ကတော့ အိပ်မပျော်နိုင်ပေ။ အချိန်က နောက်ကျနေလေပြီ။ သူ အိပ်ပျော်နေသော ခဲ့ရွမ်၏ ရေရွတ်သံကို ကြားလိုက်ရ၏။ သူ မျက်မှောင် ကြုတ်ကာ ခဲ့ရွမ်ရင်ခွင်မှ ထွက်ခွာလိုက်သည်။ သူသည် ခဲ့ရွမ်၏ ပါးစပ်နှင့် နားကို နီးကပ်စွာ ကပ်ထားကာ သူပြောနေသည့် စကားကို နားထောင်နေလေသည်။ "ဟန်" ဟူသော အသံကို ကြားလိုက်ရတော့ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ တုန်လှုပ်ချောက်ချားမှု မပျောက်ကွယ်ခင်မှာ နွေးထွေးတဲ့ အသက်ရှုသံက သူ့ကို အသိစိတ် ပြန်ဝင်လာစေသည်။

သူ ကမန်းကတန်းထလိုက်ပြီး ခဲ့ရွမ်၏နဖူးပေါ် သူ့လက်ကို တင်လိုက်သည်။ ပူနေတယ်။

အမှောင်ထဲမှာ ခဲ့ရွမ်ရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် ဒီရက်အနည်းငယ်အတွင်း ဒီလူ လုပ်ခဲ့တဲ့အရာတွေက သူ့ခေါင်းထဲမှာ ပြေးလွှားနေသည်။

ခဏအကြာတွင် သူ မတ်တပ်ရပ်လိုက်သည်။ နောက်ဆုံးတော့ သူ အလျှော့ပေးလိုက်လေပြီ။ သူသည် ခဲ့ရွမ်၏ ကော်လံကိုဆွဲကာ ခဲ့ရွမ်၏ နှုတ်ခမ်းကို သူ့နှုတ်ခမ်းနှင့် ဖိကပ်လိုက်သည်။ သူ့မျက်လုံးတွေက နီရဲနေ၏။ သူက အံကိုကြိတ်ရင်း ပြောလိုက်သည်။

"ခဲ့ရွမ်.. ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်.. မင်းငါ့ကို အရင်ဘဝတုန်းက လုပ်ခဲ့တဲ့အတိုင်း ဆက်ဆံရင် ငါမင်းကို သတ်ပစ်မှာ သေချာတယ်.. ငါ တကယ်သတ်မှာ.. ငါသေရင် မင်းကို အတူတူ ခေါ်သွားမယ်.. သေသေချာချာ မှတ်ထား"

ထို့နောက် ခဲ့ရွမ်ကို လွှတ်လိုက်သည်။ သူ့နှုတ်ခမ်းတွင် သက်သာရာ အပြုံးတစ်ခု ပေါ်လာသည်။ အရင်ဘဝက
ခဲ့ရွမ် သူ့အပေါ် ရက်စက်ခဲ့သည်ကို ဘုရားသခင် ရိပ်မိသွားတာ ဖြစ်ရမည်။ ထို့ကြောင့် သူနှင့် အတူရှိပေးရန် သူ့ကို ဂရုစိုက်ပြီး ချစ်ပေးရန်၊ နောက်ဆုံး သူ့အတွက်ပင် အကြိမ်ကြိမ် သေပေးရန်အတွက် ခဲ့ရွမ်ကို ဤဘဝတွင် လူကောင်းတစ်ဦးဖြစ်အောင် ပြုလုပ်ပေးခဲ့သည်။ ဖြစ်နိုင်တယ်.. ဖြစ်နိုင်တယ်။

သူက ခဲ့ရွမ်ရဲ့နဖူးကို နမ်းလိုက်သည်။

"မင်းက အရမ်းမိုက်မဲတာပဲ.. မင်း ကုသဖို့ အချိန်လွန်နေပြီလေ"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now