(Unicode)
Chapter-44 A Great Sidekick
ထို့နောက်တွင် ခဲ့ရွမ်သည် ဖြစ်ပျက်နေသည့်အရာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်ကြားနိုင်ရန်နှင့် မည်သူကမျှ သတိမထားမိစေရန် ခပ်ဝေးဝေးက သစ်ပင်များ နောက်တွင် ပုန်းနေခဲ့သည်။
စစ်ယွိဟန်သည် မေ့လဲနေသော မိန်းကလေးဆီသို့ လျှောက်သွားပြီး သူ၏လက်မဖြင့် မိန်းကလေး၏ ဖီလ်ထရမ်*ကို ဖိလိုက်ရာ မိန်းကလေးက တဖြည်းဖြည်း နိုးလာသည်။ သူမသည် နူးညံ့လှပသော အသားအရေနှင့် ချစ်စရာကောင်းသော မျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။
(T/N: philtrum - ဖီလ်ထရမ် - နှာခေါင်းအောက်ခြေနှင့် အပေါ်နှုတ်ခမ်းနယ်နိမိတ်ကြား ဒေါင်လိုက်အစွန်း)
အားလန်သည် ချက်ချင်းထထိုင်လိုက်ပြီး သူ့မျက်နှာကို ထိရန်ကြိုးစားလိုက်သည်။
"မင်းက အရမ်းချစ်စရာကောင်းတာပဲ!"
စစ်ယွိဟန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမလက်ကို ရှောင်ဖို့ ဘေးသို့ စောင်းငဲ့လိုက်သည်။
အားလန်က စိတ်မဆိုးချေ။ သူမက တိုးညှင်းစွာ မေးလိုက်သည်။
"ကောင်ငယ်လေး.. မင်းဘာလို့ဒီကိုရောက်နေတာလဲ..
အရင်တုန်းက ချောင်တောင်မှာ မင်းကို ဘာလို့ မတွေ့ဖူးတာလဲ မင်း လမ်းပျောက်နေတာလား?"စစ်ယွိဟန်က ပြောလိုက်သည်။
"ကျွန်တော်က ဒီနေ့ အစိုးရငွေတွေ သယ်လာတဲ့သူတွေနဲ့ အတူတူပဲ"
အာ...အဲဒါက အရမ်း တည့်တိုးဆန်မနေဘူးလား..
အားလန်က သံသယနဲ့ မေးလိုက်သည်။
"အကြီးအကဲက မင်းကို ဒီကို ခေါ်လာတာလား""ဖမ်းလာတာ.. ကျွန်တော့်က ဒီကို တကယ် ဖမ်းခံလာရတာ"
စစ်ယွိဟန်သည် အလွန်လေးနက်ပြီး နောက်ပြောင်ခြင်း မရှိပေ။ သို့သော် သူသည် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်သာ ရှိသေးပြီး နတ်သားလေးတစ်ပါးလို ဖြစ်နေသောကြောင့် အားလန်က သူ့ကို လုံးဝသံသယမရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏နှလုံးသားသည် အရည်ပျော်လုနီးပါး ဖြစ်ခဲ့သည်။
YOU ARE READING
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)
Historical FictionBoth Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Complete) Original publisher - Cdyt Genre - Comedy, Historical, Yaoi I do not own any part of this novel...