Ch: 15 (U+Z)

14.1K 2K 3
                                    

Unicode

Chapter-15 ခဲ့ရွမ်လူသတ်ခဲ့တယ်။

"ဟန်..စိတ်မပူပါနဲ့..အဆင်ပြေသွားလိမ့်မယ်
..မင်းကို ကာကွယ်ဖို့ ငါတစ်ယောက်လုံး
ရှိပါတယ်..ငါကတိပေးတယ်" ခဲ့ရွမ်က ရိုးရိုးသားသားပြောလိုက်သည်။

စစ်ယွိဟန်က ဘာမှ ပြန်မတုံ့ပြန်ရသေးခင်မှာပဲ
ခဲ့ရွမ်သည် လင်ချင်းယဲ့က သူ့ကို သတိထားရန် လှမ်းပြောသည်ကို ကြားလိုက်ရသည်။

သူ ပတ်​ဝန်းကျင်​ကို ကြည့်​လိုက်​သည်​။
ဒီဓားပြတွေက စစ်သူကြီးလင်ကို အနိုင်ယူဖို့ အခွင့်အရေးမရှိပေမယ့်..

သူ့ရှေ့မှာ အသေခံနေတဲ့ စစ်သည်တွေအများကြီးကို မြင်လိုက်ရတော့ ဆရာဝန်တစ်ယောက်အနေနဲ့ သူအဲဒီမှာ ဘာမှမလုပ်ဘဲ ဒီတိုင်းရပ်မနေနိုင်တော့ပေ။

"ဟန်..သွားပုန်းနေ" ခဲ့ရွမ်က စစ်ယွိဟန်ကို လေးလေးနက်နက် ပြောလိုက်သည်။ အမှန်တော့ သူသည် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်မျှသာ ဖြစ်သည်။
လူတွေက သူ့ကို အာရုံမစိုက်ကြချေ။ ခဲ့ရွမ်က သူ့ကိုယ်သူ အာရုံစိုက်နေသရွေ့ စစ်ယွိဟန်မှာ ဘာမှဖြစ်လာမှာ မဟုတ်ပေ။

သူက စစ်ယွိဟန်ကို စိတ်ရှည်ရှည်နဲ့ ပြောလိုက်သည်။ "ရထားလုံးပေါ်မှာ သွားပုန်းနေ..လူလိမ္မာလေး ဖြစ်ပါစေနော် အပြင်ထွက်မလာနဲ့..ကြားလား"

စစ်ယွိဟန်က ဘာခံစားချက်မှမရှိတဲ့ မျက်နှာနဲ့ ခေါင်းညိတ်လိုက်သည်။

ခဲ့ရွမ် အနည်းငယ် စိတ်သက်သာရာရသွားသည်။
သူသည် အနီးဆုံးဓားကို ကောက်ယူလိုက်ပြီး လင်ချင်းယဲ့၏ နောက်ကျောနောက်မှ
တိုက်ခိုက်နေသူကို တွန်းထုတ်လိုက်သည်။

လင်ချင်းယဲ့ ၏ မျက်နှာသည် အေးစက်သွားသည်။
"သခင်လေး..ပြန်သွားပါ!"

"ငါအဆင်ပြေတယ်..ငါ့အတွက် စိတ်ပူစရာမလိုဘူး"
ခဲ့ရွမ်က လင်ချင်းယဲ့အပေါ်မှာပဲ အာရုံစူးစိုက် ထားလိုက်၏။

"သတိထား!"

လင်ချင်းယဲ့သည် တိုက်ပွဲတွင် ခဲ့ရွမ်၏ ပါဝင်လာမှုကြောင့် အာရုံပြောင်းသွားသည်။ ဓားပြတစ်ဦးက ထိုအခွင့်အရေးယူကာ သူ့ကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ ခဲ့ရွမ်က သူ့ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ထိုဓားပြရဲ့ နှလုံးတည့်တည့်ကို ဓားနဲ့ထိုးလိုက်သည်။
ထို့နောက် လင်ချင်းယဲ့သည် ချက်ချင်းပင်
ထိုဓားပြကို ကန်ထုတ်လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now