Ch 37: Lin Qingye Became Shy

11.2K 1.7K 36
                                    

(Unicode)

Chapter-37 Lin Qingye Became Shy

ခဲ့ရွမ် မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းပြချက် တစ်ခုခုကြောင့် ယွီလျောင်းခရိုင်ရဲ့ ခရိုင်မှူးအကြောင်း တွေးသောအခါတွင် သူစိတ်မသက်မသာဖြစ်ရသည်။

"စစ်သူကြီးလင်.. သူ တာဝန်ယူမယူ စောင့်ကြည့်ဖို့ ခရိုင်မှူးဆီ တစ်ယောက်ယောက်လွှတ်ထားလိုက်"

လင်ချင်းယဲ့က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ သခင်လေး.. သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်ပါ့မယ်"

အမိန့်ထုတ်ပြီးနောက် ခဲ့ရွမ်သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။ ခရိုင်မှူးကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တာက ပိုကောင်းလိမ့်မည်။ မမျှော်လင့်ထားတဲ့ အခြေအနေတွေရှိခဲ့ရင်လည်း အသိပေးပြီး အချိန်မီ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။

"စစ်သူကြီးလင်.. နောက်ထပ် ဘာပြောစရာရှိသေးလဲ"
ခဲ့ရွမ်က မေးလိုက်သည်။

လင်ချင်းယဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သခင်လေး.. အဲဒီလူနှစ်ယောက်က သင့်ကို ဒီလောက်အထိ ရိုက်ခဲ့တာလား"

ခဲ့ရွမ် "....."

သူ့မျက်နှာက နာကျင်လာပြန်သည်။ ဒဏ်ရာက နာကျင်နေသေးတာကြောင့် ဒါမှမဟုတ် အရမ်းရှက်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါသည်။

"အဲဒါ... အဲဒါ အမှားတစ်ခုလုပ်မိသွားလို့ အမှားတစ်ခု..."

လင်ချင်းယဲ့က ဆိုသည်။

"ကျွန်တော်မြင်တဲ့အတိုင်းဆို အဲဒီလူနှစ်ယောက်က အသေးအမွှားလေးတွေပဲ.. သူတို့ သင့်ကို နိုင်အောင် မတိုက်နိုင်ဘူး.. ဒါကြောင့်....."

ခဲ့ရွမ်သည် သူ့လက်ကို ဝှေ့ယမ်းကာ စကားရပ်ရန် အမူအရာပြလိုက်၏။ ရှက်လွန်းလို့ မြေကြီးအောက်မှာသာ ဝင်ပုန်းလိုက်ချင်တော့သည်။

"သခင်လေး.. ကျွန်တော်ဆိုလိုတာက သင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်"

ဒါကိုကြားတော့ ခဲ့ရွမ်က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးများ မှုန်ကနဲ ဖြစ်သွားသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now