(Unicode)
ရွှေနန်းတော်အပြင်ဘက်ရှိ အစောင့်သည် ခေါင်းငုံ့ကာ ခဲ့ရွမ်၏လက်ကို ချုပ်နှောင်လိုက်သည်။
ခဲ့ရွမ် ရုန်းကန်ရင်း ပြောလိုက်၏။
"မင်းတို့က လိန်ကျန်းရဲ့ နောက်လိုက်တွေဆိုတာ ထင်ရှားတယ်။ မဟုတ်ရင် မင်းတို့ကို အဲ့ဒီမှာ စုစည်းမိမှာ မဟုတ်ဘူး.. အုပ်စုဖွဲ့တာဟာ ရာဇ၀တ်မှုပဲ"
အမတ်တစ်ဦးက ဆို၏။
"ကျွန်တော်မျိုးတို့ သီးသန့်ဆွေးနွေးရတဲ့ အကြောင်းရင်းက တိုင်းပြည်ရေးကိစ္စတွေမှာ တူညီတဲ့ အမြင်သဘောထားတွေ မျှဝေရုံပါ။ နောက်ပြီး အမတ်ချုပ်လည်း တစ်ခါမှ မပါဝင်ဖူးပါဘူး။ အရှင့်သားက ကျွန်တော်တို့ကို မှားယွင်းစွပ်စွဲလိုက်ရင် အကြီးတန်းအရာရှိတွေ အများကြီး စိတ်ပျက်သွားလိမ့်မယ်"
ဟမ့်!
အမတ်ဟောင်းတွေရဲ့ နှလုံးသားကို အေးစက်စေတာ ဘာအပြစ်လဲ?
လိန်ကျန်းက လေးလေးနက်နက် ခေါင်းငုံ့လိုက်ပြီး သူ့မျက်လုံးတွေက မှိန်ဖျော့နေသည်။
"အရှင်မင်းကြီး.. ကျွန်တော်မျိုးကို နှုတ်ထွက်ခွင့်ပြုပါ"
"လိန်ကျန်း.. ခင်ဗျား..."
"မြန်မြန် အိမ်ရှေ့စံကို ခေါ်သွားလိုက်ကြစမ်း.. အခြေအမြစ်မရှိတဲ့ စကားတွေ။ မင်းကို တရားရုံးကို လာခွင့်ပြုတာ မှားသွားပုံပဲ။ ငါကိုယ်တော်ရဲ့ အမိန့်ကို လိုက်နာပါ.. ဒီနေ့ကစပြီး အိမ်ရှေ့စံကို အရှေ့နန်းတော်မှာ အကျဉ်းချမယ်။ ကိုယ်တော့်ရဲ့ ခွင့်ပြုချက်မရမချင်း သူ အပြင်ကို မထွက်ရဘူး။ အခုချက်ချင်း သူ့ကို ခေါ်သွားတော့"
"အရှင်မင်းကြီး.. အရှင့်သားက အရမ်းငယ်ပါသေးတယ်"
လင်ချင်းယဲ့က အလျင်အမြန် တောင်းပန်လိုက်သည်။
"ကျွန်တော်မျိုးက တကယ်အသက်ကြီးနေပါပြီ" လိန်းကျန်းက အဆက်မပြတ် သက်ပြင်းချနေ၏။
"မင်းသားလေးက သူ့ကိုယ်သူ ပြုပြင်ခဲ့တယ်လို့ ကျွန်တော်ထင်ခဲ့တာ"
"သူက အရင်ကထက် သိသိသာသာကို ပိုဆိုးလာတာပဲ"
.....
YOU ARE READING
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)
Fiksi SejarahBoth Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Complete) Original publisher - Cdyt Genre - Comedy, Historical, Yaoi I do not own any part of this novel...