Ch 148: မင်္ဂလာဦးည (၄)/မဂၤလာဦးည (၄)

9.6K 1.1K 14
                                    

(Unicode)

ရေချိုး စားသောက်ပြီးတဲ့အခါ အိပ်ငိုက်လာလိမ့်မယ်လို့ ဆိုသည်။ ဤစကားသည် မှန်ကန်ပေသည်။ အလွန်အကျွံ စားသောက်ပြီးနောက် ခဲ့ရွမ်သည် အိပ်ငိုက်လာခဲ့သည်။

သူသည် ပြတင်းပေါက်မှ တောက်ပနေသော လရောင်ကို မော့ကြည့်လိုက်၏။ ဤလောက၌ ကာလအတန်ကြာ နေခဲ့ရပြီးနောက် ဤနေရာနှင့် လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။

ညသည် ပိုမှောင်လာ၏။ စစ်ယွိဟန်သည် ဒီည ပြန်မလာတော့ဟု ထင်ရသည်။ အကြောင်း တစ်ခုခုကြောင့် သူသည် သက်ပြင်းတစ်ချက်ချရင်း စိတ်ဓာတ်အနည်းငယ် ကျသွားသလို ခံစားလိုက်ရသည်။

သူ့ရင်ဘတ်ကို ပွတ်သပ်ပြီးနောက် သူ့နှလုံးသားထဲက နားမလည်နိုင်တဲ့ ခံစားချက်တွေကို မျိုသိပ်ထားလိုက်၏။

စစ်ယွိဟန် ပြန်မလာပါက အကောင်းဆုံးဖြစ်ပေမည် သို့မဟုတ်လျှင် သူနှင့်ရင်ဆိုင်ရန် အချိန်ဖြုန်း ရပေလိမ့်မည်။ မှန်တယ်၊ လုံးဝပဲ။

'အိပ်ချိန်ရောက်ပြီ!'

ခဲ့ရွမ်သည် ကိတ်မုန့်အမှုန်များကို သူ့လက်နှင့် ခန္ဓာကိုယ်မှ ခါထုတ်လိုက်သည်။ သူသည် ကုတင်ဘေးသို့ လျှောက်သွားကာ အနီရောင် မွေ့ယာကြီးပေါ်၌ ထိုင်တော့မည်အပြု အနီရောင် မွေ့ယာပေါ်တွင် သခွားမွှေးသီးနှင့် အသီးအနှံများ ဖုံးလွှမ်းထားသည်ကို တွေ့လိုက်ရသည်။

သူ့ခန္ဓာကိုယ်သည် ဖယောင်းတိုင်မီးကို ပိတ်ဆို့ ထားသောကြောင့် ခါးကုန်းလိုက်ပြီး ကုတင်ပေါ်က
အရာတွေကို သေချာကြည့်လိုက်သည်။

၎င်းတို့သည် သတို့သမီးကို မကြာမီ ကလေးရစေ လိုသော ရည်ရွယ်ချက်ဖြင့် ဆုတောင်းထားသော တရုတ်အနီရောင် စွန်ပလွန်သီး၊ မြေပဲ၊ တရုတ် လိုင်ချီးသီးနှင့် ကြာစေ့များဖြစ်သည်။

ခဲ့ရွမ် ဆွံ့အသွား၏။ 'စိတ်အေးအေးထားစမ်း.. ဒါက သောက်ကျိုးနည်း ဘာတွေလဲ'

သူ အသက်ပြင်းပြင်းရှူပြီး ကုတင်ပေါ်ကနေ ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်လုပ်လိုက်သည်။ သူ စောင်ကိုခြုံပြီး အိပ်ခါနီးတွင် ထိုအနီရောင်စောင် အောက်၌ အထူးပင် မျက်စိကျစရာကောင်းသော အဖြူရောင်လက်ကိုင်ပုဝါ တစ်ထည်ကို တွေ့လိုက်ရသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now