9.3K 1.4K 8
(Unicode)
လင်ချင်းယဲ့သည် ခဲ့ရွမ် ရှေ့မှာ ရပ်လိုက်ပြီး သူ့သွားရာလမ်းကို ပိတ်ဆို့လိုက်သည်။
"မင်းဘာလုပ်နေတာလဲ?"
လင်ချင်းယဲ့၏ စူးစူးဝါးဝါး အကြည့်တွေက ချီချန်ကို ဆိုးဆိုးရွားရွား နာကျင်စေသည်။
သူ့မျက်လုံးထဲမှာ နာကျင်မှုတွေရှိနေခဲ့သည်။ ကလဲ့စားချေခြင်းနဲ့ သူအချစ်ရဆုံးလူကြား ဘာကိုရွေးရမှန်း မသိပေ။
"အစ်ကိုချင်းယဲ့.. ဒါဆို အစိုးရအရာရှိတွေကို သူတို့ ဘယ်လောက်မုန်းတီးနေတယ်ဆိုတာ အစ်ကိုမြင်ပြီလား။
သူတို့ကို နောက်တစ်ခါ အပြင် မထုတ်ပါနဲ့.. နောက်တစ်ခါ တစ်ခုခုဖြစ်ရင် ကျွန်တော်ဒီကို အချိန်မီရောက်မယ်ဆိုတာ မသေချာဘူး"
"ငါသိပြီ" လင်ချင်းယဲ့က တုပ်တုပ်မလှုပ်ပေ။
ချီချန်က သူ့အံတွေကို တင်းတင်းကြိတ်ရင်း ရုန်းကန်နေရတဲ့ သူ့အကြည့်တွေက လင်ချင်းယဲ့ရဲ့ ချောမောတဲ့ မျက်နှာပေါ် ကျရောက်သွားသည်။ ချီချန် အမြဲတမ်းတွေးနေခဲ့တဲ့ ထိုမျက်နှာလေးပေါ်မှာ နေရောင်ခြည်က တောက်ပနေသည်။ အိပ်မက်တစ်ခုလိုပင်။ ချီချန်၏ လက်ချောင်းများက အနည်းငယ် လှုပ်ရှားသွားသည်။
"အကြီးအကဲ.. သူတို့က ငါတို့ကို ဘာလို့မုန်းနေကြတာလဲ"
ခဲ့ရွမ် ခဏလောက်စဉ်းစားပြီး ဒီမေးခွန်းကို မေးဖို့ ဆုံးဖြတ်လိုက်သည်။ သူက လင်ချင်းယဲ့ကို ရှေ့မှဖယ်ပေးရန် အင်္ကျီကို ဆွဲလိုက်သည်။
ချီချန်က ပြန်မဖြေပေ။
ခဲ့ရွမ်က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ပြီး လင်ချင်းယဲ့ကို ထပ်ဆွဲလိုက်၏။ ထိုအခါ လင်ချင်းယဲ့က သူ့ကို လှည့်ကြည့် လိုက်သည်။ ခဲ့ရွမ်သည် သူ့ကို ခေါင်းညိတ်ပြလိုက်ရာ နောက်ဆုံးတွင် သူ ဖယ်ပေးလိုက်သည်။
ခဲ့ရွမ်က ချီချန်ကို မျက်နှာမူပြီး ပြောလိုက်သည်။
"မင်း သူတို့ကို တစ်သက်လုံးမကာကွယ်နိုင်ဘူး.. မင်းမှာလဲ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ရှိတယ်"
ဥပမာအားဖြင့် သူ့မိသားစုနှင့်ပတ်သက်သော အမှန်တရားကို ရှာဖွေခြင်း၊ အမှားများကို ပြင်ပေးခြင်း၊ ဇာတ်လိုက်၏ ခြေလှမ်းများကို လိုက်လျှောက်ပြီး ရဲစွမ်းသတ္တိကြောင့် ကျော်ကြားလာခြင်းတို့ ဖြစ်သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now