Ch 137: ရွေးချယ်ထားသော အစေခံများ/ေ႐ြးခ်ယ္ထားေသာ အေစခံမ်ား

8.6K 1K 38
                                    

(Unicode)

ရှောင်လုကျစ်သည် ဒူးထောက်ချလိုက်ပြီး သူ့အသံမှာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေသည်။

"ဧကရီ.. တစ်ချက်လောက် ကြည့်ရှုပေးတော်မူပါ။ အရှင်မင်းမြတ်က ဧကရီ ‌သဘောမတွေ့ရင် ကျွန်တော်မျိုးတို့ကို အသက်ရှင်လျက် မထားဘူးလို့ ဆိုပါတယ်။ ကျွန်တော်မျိုးတို့ကို ငဲ့ညှာပေးတော်မူပါ"

ခဲ့ရွမ်သည် အလွန် ဒေါသထွက်နေ၏။

"မင်းတို့သေတာ ငါ့ကိစ္စမဟုတ်ဘူး"

တံခါးအပြင်မှာ ဘာသံမှ ထပ်မကြားရတော့ပေ။

ခဲ့ရွမ် အမြန်ထရပ်လိုက်၏။ အကယ်၍ အခြားသူ တစ်ဦးက ထိုသို့ပြောပါက သူသည် ၎င်းကို နောက်ပြောင်မှုတစ်ခုအဖြစ်သာ မှတ်ယူလိုက်မည် ဖြစ်သည်။ သို့သော် စစ်ယွိဟန်နှင့် မတူပါ။ သူသည် သူ့စကားနှင့်အညီ ပြုလုပ်တတ်သူ ဖြစ်သည်။ ဒီလူတွေကို သတ်မယ်လို့ပြောထားရင် သူတို့ကို ဘယ်တော့မှ သနားညှာတာပေးမှာ မဟုတ်ပေ။

ရှေးဆိုရိုးစကားအတိုင်း ငရဲမင်းကြီးသည် သန်းခေါင်ယံ အချိန်၌ လူကိုခေါ်လျှင် နံနက်မိုးလင်းသည်တိုင်အောင် မည်သူက တားဝံ့သနည်း။

စစ်ယွိဟန်သည် သက်ရှိငရဲမင်းပင် ဖြစ်သည်။

သူတံခါးကို အမြန်ဖွင့်လိုက်တဲ့အခါ တံခါးအပြင်ဘက်က လူတွေအားလုံး မြေပြင်ပေါ်မှာ ဒူးထောက်လိုက် ကြသည်။ ရှောင်လုကျစ်သည် ခေါင်းငုံ့ကာ မျက်ရည်များကို သုတ်လိုက်၏။ သူ့နောက်တွင် နန်းတော်မှအစေခံနှင့် မိန်းမစိုးဆယ်ယောက်ကျော်ရှိပြီး သူတို့၏ပခုံးများသည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေကာ အလွန်ကြောက်ရွံ့နေပုံ ပေါ်သည်။

ခဲ့ရွမ်ဟာ ဘယ်တုန်းကမှ ရက်စက်ကြမ်းကြုတ်သူ မဟုတ်ခဲ့ပါ။ သူသည် လက်ကိုဝှေ့ယမ်းပြီး ဆို၏။

"ကောင်းပြီ.. ထတော့.. နန်းတော်အစေခံတချို့ကို ရွေးရုံပဲမဟုတ်လား.. မင်းတို့ ဒီရောက်နေပြီဆိုမှတော့ တစ်ချက်လောက်ကြည့်ဖို့ အဆင်ပြေပါတယ်"

"ကျေးဇူးတင်ပါတယ် ဧကရီ"

ခဲ့ရွမ် နှုတ်ခမ်းလှုပ်သွားသည်။ ဒီအခေါ်အဝေါ်ကိုသုံးပြီး မင်းငါ့ကို စိတ်မသက်မသာဖြစ်အောင်လုပ်နေတာ မဟုတ်လား?

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now