9.3K 1.1K 55
(Unicode)
ရေချိုးတဲ့အခါ သူ့အတွက် ရေပြောင်းပေးမယ့် နန်းတော်အစေခံ အိပ်ရာဝင်ချိန်မှာ သူ့အတွက် အိပ်ရာပြင်ပေးမယ့် နန်းတော်အစေခံ.. ခဲ့ရွမ် သူ့အနာဂတ်ဘဝအကြောင်းတွေးပြီး အရင်လို ပျော်ရွှင်စရာဘဝ မပိုင်ဆိုင်နိုင်‌တော့ကြောင်း သူ ခံစားလိုက်ရသည်။ မိမိကိုယ်ကို အားကိုးပြီး လုပ်စရာတွေကို ကိုယ်တိုင်လုပ်ရမည်။ မည်သို့ပင် ဆိုစေကာမူ သူသည် ခေတ်သစ်ကမ္ဘာမှ ဆင်းသက် လာခြင်းဖြစ်သည်။ ဤနေရာ၌ သူတပါးအပေါ် အမှီအခိုကင်းစရာ အကြောင်းမရှိပေ။
'ဒါအမှန်ပဲ။ ငါ့ဘာသာ ငါလုပ်လို့ရတယ်'
ဒီဆုံးဖြတ်ချက်ကိုချပြီးနောက် ခဲ့ရွမ်သည် ကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။
ညဥ့်နက်အချိန်၌ ဧကရာဇ်စာဖတ်‌ဆောင်ထဲတွင် ဖယောင်းတိုင်မီးတွေ လင်းလက်သွားခဲ့သည်။ ဧကရာဇ် ရာဇပလ္လင်ပေါ်မှ လူ၏မျက်နှာသည် တဖျပ်ဖျပ် လက်နေပြီး စားပွဲခုံပေါ်မှ စာချွန်တော်များကိုကြည့်ရင်း သူ့မျက်လုံးများက မှေးမှိန်သွားခဲ့သည်။
"အရှင်မင်းမြတ်" ရှောင်လုကျစ်က သူ့ကို တိုးတိုးလေးခေါ်လိုက်သည်။
"ဝင်ခဲ့ပါ" စစ်ယွိဟန် မျက်လုံးကျယ်ကျယ် ဖွင့်လိုက်သည်။
ရှောင်လုကျစ်သည် စစ်ယွိဟန်ရှေ့မှာ ဒူးထောက်လိုက်၏။
"အရှင်မင်းမြတ်.. ဧကရီက နန်းတော်အစေခံတွေကို လက်ခံပြီးပါပြီ။"
"သူ ဘာမှ မပြောဘူးလား?" စစ်ယွိဟန်၏ မျက်လုံးများသည် သဘောတူညီချက်ကြောင့် ရုတ်တရက် တောက်ပသွားခဲ့သည်။ ခဲ့ရွမ်ရဲ့ နာမည်က သူ့ဇာတ်ကောင်လောက် မခိုင်မြဲပေမယ့် ဆိုးတော့ မဆိုးပေ။ သူ၏နာမည်သည် လှပပုံပေါက်ပြီး အထဲ၌ အသိဥာဏ်လည်း ပါ၀င်ကာ သင့်လျော်ပြီး ဂုဏ်သိက္ခာကို ပြသသည်။
"အရှင်မင်းမြတ်.. ဧကရီက သူတို့ကို အစတုန်းက မလိုလားဘူးဆိုတော့ အရှင်ပြောခဲ့သလိုပဲ ပြောလိုက်တယ်။ ဧကရီက အစပိုင်းမှာ ဂရုမစိုက်ပေမယ့် ခဏအတွင်းမှာပဲ လက်ခံလိုက်ပါတယ်.. တခြားဘာမှ မပြောပါဘူး"
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now