9.4K 1K 31
(Unicode)
စစ်ယွိဟန်သည် ထိုအမျိုးသမီးများကို ရွံရှာစက်ဆုပ်သကဲ့သို့ အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မင်းတို့အားလုံး ထွက်သွားကြ"
"မလုပ်နဲ့.. မလုပ်နဲ့.. ဒီလိုဆုံဖို့လွယ်တာမဟုတ်ဘူး။ သူတို့ကို ဘာလို့ မြန်မြန်ထွက်သွားခိုင်းရတာလဲ"
ခဲ့ရွမ် ကမန်းကတန်း ပြောလိုက်၏။
'ငါ့ကို လာနောက်နေတာလား? ငါသူ့ကို တစ်ယောက်တည်း ရင်ဆိုင်ရတာထက် သေသွားတာပိုကောင်းလိမ့်မယ်'
သူ့အတွက် တိုက်ပွဲဝင်‌ပေးမည့် အမျိုးသမီးများစွာ ရှိသောအခါ ဇာတ်လိုက်သည် သူ့အားနှောက်ယှက်ရန် အချိန်ရှိမည်မဟုတ်ကြောင်း သေချာသည်။ ထို့ကြောင့် သူသတိမထားမိစေဘဲ ခိုးထွက်သွားနိုင်ပေသည်။ ထိုအမျိုးသမီးတွေက စစ်ယွိဟန်ကို ထိန်းပေးထား နိုင်သည်မို့ သူ့ညီမကိုရှာရတာ ပိုလွယ်ပါလိမ့်မည်။
စစ်ယွ်ိဟန်သည် ခဲ့ရွမ်တွေးနေသော အစီအစဥ် အကြောင်း ကောင်းကောင်းသိပေသည်။ ကျောက်စားပွဲ ပေါ်ထောက်ထားသော သူ၏လက်ကိုပင့်မြှောက်ကာ ခဲ့ရွမ်၏လက်ကောက်ဝတ်အား ရုတ်တရက် ဆုပ်ကိုင်လိုက်လေသည်။ ဘာဖြစ်သွားမှန်း မသိခင်မှာပဲ ခဲ့ရွမ်သည် စစ်ယွိဟန်၏လက်ထဲသို့ ရောက်သွားခဲ့သည်။
"မင်း..." ခဲ့ရွမ် မျက်လုံးပြူးသွား၏။
ခဲ့ရွမ် ဘာမှပြန်မပြောခင်မှာပဲ စစ်ယွိဟန်သည် သူ့အား တိုးတိုးလေး ကပ်ပြောလိုက်‌သည်။
"ဘာလဲ, ကိုယ်တို့လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အကြောင်း မင်းကို သတိပေးရအုံးမှာလား"
ခဲ့ရွမ်သည် ပြောစရာစကားများ ပျောက်ဆုံး သွားခဲ့သည်။ အဲဒီသဘောတူညီချက်ကို သူကောင်းကောင်းမဖတ်ခဲ့ဘူးလို့ ပြောလို့ရနိုင်မလား။
"မင်းမေ့သွားပုံရတယ်.. မင်းရဲ့ ကိုယ်လုပ်တော် ဟောင်းတွေကို စွန့်လွှတ်ဖို့ ဆန္ဒမရှိဘူးဆိုရင် သူတို့နဲ့ အတူတူ အဲဒီသဘောတူညီချက်ကို သွားဖတ်လိုက်လေ"
"မလုပ်နဲ့.." ခဲ့ရွမ်သည် စစ်ယွိဟန်၏လက်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ပြုံးလျက်ပြောလိုက်၏။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now