Ch 134: ခဲ့ရွမ်သည် သူ၏ အထောက်အထားကို ထုတ်ဖော်ခဲ့သည်။

9.6K 1.2K 63
                                    

(Unicode)

စစ်ယွိဟန်သည် သူ၏ခွန်အားကို တင်းကျပ်ကာ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ သူ၏ နက်မှောင်သော မျက်လုံးများသည် ရက်စက် ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေကာ အံကြိတ်လျက် ပြောလိုက်၏။

"ခဲ့ရွမ်.. အခု မင်းကိုယ်မင်း ဘယ်သူလဲဆိုတာကိုသိဖို့ ငါသတိပေးလိုက်မယ်။ ဘာလဲ? မင်းက မင်းကိုယ်မင်း မြင့်မြတ်သာလွန်တဲ့ မင်းသားလေးလို့ ထင်နေသေး တာလား.. ငါက မင်းပြောတာကို နာခံလိမ့်မယ်လို့ ထင်နေသေးတာလား"

စစ်ယိဟန်သည် ရုတ်တရက် မျက်နှာပြောင်းသွား လိမ့်မည်ဟု ခဲ့ရွမ် မထင်ထားသောကြောင့် ကြောက်လန့်သွားခဲ့သည်။

"ငါ.. ငါ.. မဟုတ်ဘူး.. အဲဒါက မင်းကောင်းဖို့အတွက်ပဲ.."

စစ်ယွိဟန်သည် ခဲ့ရွမ် ဒုက္ခဖြစ်စေနိုင်သည့် နည်းလမ်းများကို အသုံးပြုခဲ့သော်လည်း ခဲ့ရွမ်ကို မသတ်ခဲ့ပေ။ စစ်ယွိဟန်သည် ခဲ့ရွမ် ခက်ခက်ခဲခဲ ထုတ်ပြောလိုက်သမျှကို ကြားလိုက်ရသောအခါ သူ့မျက်နှာသည် ယခင်က အေးစက်နေသော်လည်း ယခုအခါ အအေးဓာတ်က သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့ သွားခဲ့သည်။ သူ၏ ခွန်အားများသည် ပိုမို များပြားလာကာ ခဲ့ရွမ်အား ဘယ်သောအခါမှ လက်လွှတ်မခံနိုင်ဘဲ ဖြစ်နေပုံရသည်။

ခဲ့ရွမ်သည် ထိုသို့ ထပ်ပြောပြန်ပြီ။ တကယ့်ကို ကောင်းတဲ့ အကြောင်းပြချက်ပါပဲ။ ခဲ့ရွမ်သည် သူ့အကျိုးအတွက် လုပ်နေသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ယွိဟန်အား မဆိုင်းမတွ နှစ်ကြိမ်တိုင်တိုင် စွန့်ပစ်ခဲ့သည်။ ယခုအခါလည်း ခဲ့ရွမ်သည် ထိုအကြောင်းပြချက်ကိုပဲ ပြောနေပြန်သည်။ သူ့အကျိုးအတွက်ပဲလား? ခဲ့ရွမ်က တကယ်ကို သဘောထားကြီးတာပဲ။ သူ့စိတ်ထဲမှာ ဘယ်လို တွေးနေလဲဆိုတာကိုရော မေးဖူးရဲ့လား? ခဲ့ရွမ်က ဘယ်လိုလုပ် ဒီလောက် တစ်ကိုယ်ကောင်းဆန်ရတာလဲ?

ခဲ့ရွမ်၏မျက်နှာသည် မှုန်မှိုင်းလာသည်။ စစ်ယွိဟန်သည် ဒေါသတကြီး အံကြိတ်ကာ သူ့အား မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

"အဟွတ်.. အဟွတ်" ခဲ့ရွမ်သည် မြေပြင်ပေါ်တွင် ကွေးကောက်ကာ ချောင်းဆိုးလိုက်သည်။ စစ်ယွိဟန်က သူ့ကို တကယ်သတ်ချင်နေသည်ဟု ခံစားလိုက်ရ၏။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် သူအရမ်းထိတ်လန့်ပြီး အမှားလုပ်မိတဲ့ခံစားချက် ဖြစ်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now