Ch: 25 (U+Z)

12K 1.8K 7
                                    

Unicode

Chapter-25 အမွှေးနံ့သာဥယျာဉ်။

စစ်ယွိဟန်သည် အနည်းငယ်ငုံ့ကာ သူ၏ လက်ချောင်းဖြူဖြူများဖြင့် ထိုလူကိုရိုက်ရန် အဆင်သင့်ပြင်ပြီးနောက် ထိုလူ၏ ခန္ဓာကိုယ်သည် ပို၍ပင် ညစ်ပတ်သွားသည်ကို တွေ့လိုက်ရသည်။ သူ့လက်ချောင်းတွေကို ပြန်ရုတ်လိုက်ပြီး သူ့အဝတ်နဲ့ သုတ်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ ရွံရှာသွားသည်။

"နောင်တအတွက် ကုစားစရာ လောကကြီးမှာ မရှိဘူး"

ထိုလူက မျက်ရည်တွေကျလုမတတ် တောင်းပန်နေသည်။

"ကျေးဇူးပြုပြီး ချမ်းသာပေးပါ.. ငါမှားမှန်း သိပါပြီ"

စစ်ယွိဟန်၏ မျက်လုံးများသည် ရက်စက်မှုတို့ဖြင့် တောက်လောင်နေသည်။ အရင်ဘဝတုန်းက ခဲ့ရွမ်သည် ခွေးတစ်ကောင်ကဲ့သို့ သူ့ရှေ့တွင် ဒူးထောက်ထိုင်ကာ သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ခဲ့ဖူးသည်။

ခဲ့ရွမ်သည် တစ်လျှောက်လုံး ခေါင်းမှ ခြေဖျားအထိ တစ်ကိုယ်ကောင်းဆန်သူဖြစ်သည်။ နောက်ဆုံး မိနစ်မှာတောင် သူတွေးနေတာက သူ့ကိုယ်သူ အတွက်ပင်။ သူ့လိုလူဟာ ဒီကမ္ဘာမှာ နေဖို့ မထိုက်တန်ပါချေ။

"မင်းငါ့ကိုဘယ်ကိုခေါ်သွားချင်တာလဲ"
စစ်ယွိဟန်က ဘာခံစားချက်မှမရှိတဲ့ မျက်နှာဖြင့် မေးလိုက်သည်။

သေချာပေါက် ထိုလူက အမှန်အတိုင်း မပြောရဲပေ။
"ဘယ်မှ မဟုတ်ဘူး.. ဘယ်မှ မဟုတ်ဘူး"

ထိုလူကက ကြောက်ရွံ့တုန်လှုပ်ခြင်းတစ်ခု သူ့ဆီ ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။ သူသည်
စစ်ယွိဟန်ကို မော့ကြည့်လိုက်ရာ သေလုမတတ် ကြောက်စရာကောင်းသော မျက်လုံးနှစ်လုံးကိုသာ တွေ့လိုက်ရသည်။ ထိုမျက်လုံးများသည် ငရဲမှလာသော သရဲတစ္ဆေများ၏ မျက်လုံးများကဲ့သို့ပင်။

သူက နာကျင်မှုနဲ့ ကြောက်စိတ်တွေကို မျိုသိပ်လိုက်ပြီး ပြောလိုက်သည်။

"ငါ..မင်းကို အမွှေးနံ့သာဥယျာဉ်ကို ရောင်းဖို့ ကြိုးစားနေတာ.. ငါ အတော် မိုက်မဲတာပဲ"

ဒီစာကြောင်းကို ပြီးအောင်လုပ်ဖို့ အချိန်အတော် ကြာလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now