Ch 92: တိတ်ဆိတ်နေခြင်း/တိတ္ဆိတ္ေနျခင္း

8.5K 1.3K 41
                                    

(Unicode)

လင်ချင်းယဲ့သည် စိုးရွံ့ထိတ်လန့်စွာ ရှေ့ကို တိုးလာခဲ့သည်။ ခဲ့ရွမ်၏ ကျောပေါ်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်အားထက်သန်သော မျက်လုံးများ အနည်းငယ် လျော့သွားသည်။

"သခင်လေး.. အရမ်းနောက်ကျနေပြီ.. သင်သိလား..."

ခဲ့ရွမ်သည် စစ်ယွိဟန်ကို သယ်ဆောင်လာကာ ထိုင်ခုံပေါ် တင်လိုက်သည်။ ထို့နောက် လင်ချင်းယဲ့အား လှည့်ပြီး နှစ်သိမ့်လိုက်၏။

"စစ်သူကြီးလင်.. ငါ အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့.. ငါက ရှောင်ဟန့်ကို ရှာဖို့ ထွက်သွားတာ"

ထိုအကြောင်းပြောရင် နည်းနည်းတော့ ကြောက်နေသေး၏။ အကယ်၍ သူ့တွင် ထိုအိမ်မက်ဆိုးမရှိခဲ့ပါက၊ သူသည် ဇာတ်လိုက်ကို ပြန်ခေါ်ရန် မဆုံးဖြတ်ခဲ့ပါက၊ စစ်ယွိဟန်သည် ထိုနေရာ၍ ထာဝရရှိနေမည်လား?

"သခင်လေး.. ယွီလျောင်းခရိုင်က လောလောဆယ် အရမ်းအန္တရာယ်များတယ်ဆိုတာ သိရဲ့လား"

ခဲ့ရွမ်က ခေါင်းညိတ်လိုက်သည်။
"ငါသိပါတယ်"

"သိတယ်ဆိုရင်.. သခင်လေး.. သင်..."

ခဲ့ရွမ်က သက်ပြင်းချလိုက်၏။

"စစ်သူကြီးလင်.. နောက်ကျနေပြီ။ လူတိုင်းကို အကြာကြီး အနှောင့်အယှက်‌ ပေးမိတာ ငါ့အမှားပဲ။ နောက်တစ်ခါ အပြင်ထွက်ရင် မင်းကို ကြိုပြောထားပါ့မယ်"

ခဲ့ရွမ်က သူ့အမှားကိုတောင် ဝန်ခံထားပြီဆိုမှတော့ လင်ချင်းယဲ့က တခြား ဘာဆက်လုပ်နိုင်မှာမလို့လဲ?

လင်ချင်းယဲ့ စိတ်လျှော့လိုက်ပြီးသောအခါတွင် အထူးသဖြင့် ခဲ့ရွမ်၏ ခြေထောက်များ မည်မျှ ညစ်ပေရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။ သူက စစ်ယွိဟန်ကို မနှစ်မြို့စွာ ကြည့်လိုက်၏။

အရှင့်သားသည် စစ်ယွိဟန်ကြောင့် အကြိမ်များစွာ ဒဏ်ရာများ ရခဲ့ရသည်။ ဒါဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပေ။

လင်ချင်းယဲ့၏ ဖော်ရွေမှုမရှိသော အကြည့်ကို ရင်ဆိုင် လိုက်ရသော စစ်ယွိဟန်သည် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြဘဲ သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်နေလေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now