Ch 71: နှစ်ခြိုက်စွာအိပ်ပျော်ရန် ရှားပါးသော အခွင့်အရေး

12.7K 1.6K 26
                                        

(Unicode)

ထိုကဲ့သို့ ရင်းနှီးသော အပြုအမူကြောင့် စစ်ယွိဟန် အနည်းငယ် ထိတ်လန့်သွားသော်လည်း နောက်ပိုင်းတွင် နွေးထွေးမှု အပြည့်ရရှိသွားသည်။

သူ့ရင်ဘတ်ဆီမှ အသက်ရှူသံတိုးတိုးလေးကို နားထောင်ရင်း ခဲ့ရွမ်သည် သူ့အတွက် ပို၍ပင် ဝမ်းနည်းခံစားရစေသည်။

သို့သော်လည်း ခဲ့ရွမ် မမြင်နိုင်သောနေရာမှ စစ်ယွိဟန်၏ နက်မှောင်သောမျက်လုံးများသည် ရောင်စုံစဉ့်ခဲများကဲ့သို့ လင်းလက်တောက်ပနေသည်။

စစ်ယွိဟန်က ခဲ့ရွမ်သည် အားနည်းသူများကို ပေးကမ်းမည့်သူဟု တွေးကာ နှုတ်ခမ်းကို ကွေးညွတ်လိုက်သည်။

တကယ့်ကို ကောင်းတယ်။

"ကျွန်တော့်ကို ပိုတင်းတင်းကြပ်ကြပ်ဖက်ထားပေး"
ခဲ့ရွမ်သည် ထိုအသံကို ကြားသောအခါ စစ်ယွိဟန်အား ပိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူတို့ နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ပူးကပ်ဆက်နွယ်နေပုံသည်။

စစ်ယွိဟန်နွေးထွေးမှုကို ခံစားနိုင်စေရန် ခဲ့ရွမ်သည် အကောင်းဆုံးကြိုးစားခဲ့သည်။

သူ့တစ်ကိုယ်လုံး နွေးထွေးမှုအပြည့်ရှိနေပြီး မြေသင်းနံ့လို့ ရနံ့လေးသည် စစ်ယွိဟန်၏စိတ်ကို လျင်မြန်စွာ အာရုံပျံ့လွင့်စေကာ သက်တောင့်သက်သာ ဖြစ်စေသည်။

သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်က ပြေလျော့သွားတာကို သိလိုက်ရတော့ ခဲ့ရွမ်က သူ့လက်ထဲက ကောင်လေးကို ငုံ့ကြည့်လိုက်သည်။ စစ်ယွိဟန်သည် မျက်လုံးများကိုမှိတ်ထားပြီးဖြစ်သည်။ သူ အိပ်ပျော်နေချိန်မှာ သိပ်အေးစက်တဲ့ ပုံမပေါ်ပေ။

ဇာတ်လိုက်ကို ဒီလိုပုံစံမျိုး မြင်တွေ့ရဖို့ အလွန ခက်ခဲသည်။ ခဲ့ရွမ်သည် သူ့မှာသာဖုန်းရှိရင် ဒီလိုပုံစံမျိုး ရှားရှားပါးပါး တွေ့ခွင့်ရတဲ့အတွက် ဇာတ်လိုက်ရဲ့ ဓာတ်ပုံကို သေချာရိုက်ယူမိမည်လို့ ခံစားလိုက်ရသည်။

ခဲ့ရွမ်သည် စစ်ယွိဟန်ကို စိုက်ကြည့်နေရင်း မကြာမီ သူ အိပ်ငိုက်လာသည်။ ကိုယ်ကို သက်တောင့်သက်သာ အနေအထားဖြစ်အောင် လုပ်ပြီးနောက် အိပ်ပျော်သွားတော့သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now