8.7K 1.1K 29
(Unicode)
"အရှင်မင်းကြီး.. အရှင်မင်းကြီး"
စစ်ယွိဟန် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့ဘေးမှာ ရပ်နေသော ချီချန်ကို ကြည့်လိုက်သည်။
"အရှင်မင်းကြီး.. ညဥ့်နက်နေပြီ.. အနားယူပါ"
စစ်ယွိဟန်သည် မျက်ခုံးရိုးများကို ဖိနှိပ်လိုက်သည်။ စားပွဲပေါ်ရှိ ပေလွှာအားလုံးက ခဲ့ရွမ်၏မျိုးနွယ်စုကို သတ်ပစ်ရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။ သူသဘောတူလိုက်ရင် အကြီးမားဆုံးပြဿနာကို ဖြေရှင်းနိုင်သွားမှာဖြစ်ပေမယ့် သူလုပ်မှာမဟုတ်ပေ။
သူသည် အနည်းငယ် အလျင်စလို ပြုလုပ်လိုက် ခြင်းကြောင့် နောက်ထပ်ပြဿနာတစ်ခု တိုးလာခဲ့သည်။ အဲ့တော့ရောဘာဖြစ်လဲ? တခြားသူတွေပြောစရာ မလိုဘဲ ခဲ့ရွမ်ကို သူ့ဟာသူ ကိုင်တွယ်နိုင်သည်။
"ခဲ့ရွမ် အနားကလူတွေက စိတ်ချလို့ရလား"
စစ်ယွိဟန်၏ တိုင်းပြည်သို့ ပြန်ရောက်သောအခါတွင် ချီချန်သည် ဘာကြောင့်မှန်းမသိသော်လည်း သူ၏ ကံကြမ္မာအရ ဤနေရာ၌ စစ်ယွိဟန်နှင့် နေခဲ့သင့်သည်ဟု ခံစားနေခဲ့ရသည်။
သူထင်ထားသည့်အတိုင်း ထိုလူသည် ထူးထူးခြားခြား မွေးဖွားလာခဲ့သူ ဖြစ်သည်။
သို့သော်... စစ်ယွိဟန်သည် အချိန်အနည်းကြာအောင် စောင့်နေခဲ့သင့်သည်။ သူသည် တရားဝင် ထီးနန်းဆက်ခံရန် အနည်းဆုံး နှစ်လခန့် ကြာမြင့်အုံးမည်ဖြစ်သည်။
သို့သော် ခဲ့ရွမ်၏ လက်ထပ်တော့မည်ဆိုသောသတင်း သူ့နားသို့ ရောက်သွားသည်နှင့် စစ်ပွဲကို ချက်ချင်းပဲ စတင်ကာ တပ်တွေကိုလည်း ခွဲထုတ်လိုက်သည်။
သို့ရာတွင် စစ်ပွဲဟူသည် တိုင်းပြည်ရှိ ပြည်သူများ၏ ရင်ထဲတွင် ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသောကြောင့် စစ်ပွဲစတင်ခဲ့သူသည် ရွံရှာဖွယ်ကောင်းပြီး တိုင်းသူ ပြည်သားများ၏ နှလုံးသားကို အရယူနိုင်မည် မဟုတ်ပေ။
ထို့အပြင် ဆုံးဖြတ်ချက်ကို အလျင်အမြန် ချလိုက်သောကြောင့် နန်းတော်သည် လုံလောက်သော ပြင်ဆင်မှုမရှိသေးသည့်အပြင် စစ်ချန်းယဲ့ကို စစ်ပွဲ၌ တစ်ယောက်တည်း ထားခဲ့ရသည်။ ယခုတွင် အရှင်မင်းကြီးသည် နောက်ကြောင်းပြန်လှည့်၍ မရတော့ဘဲ စစ်ချန်းယဲ့သာ သေဆုံးသွားပါက အရှင်မင်းကြီး၏ ဂုဏ်သတင်းမှာ လုံးဝပျက်စီးသွားမည် ဖြစ်သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now