(Unicode)
လင်ချင်းယဲ့သည် ခဲ့ရွမ်ကိုကြည့်ကာ ပြုံးလိုက်သည်။
"သူ ကျွန်တော့်အပေါ်ကောင်းတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် အရှင်မင်းမြတ်.. ကျွန်တော်တို့က ဆန့်ကျင်ဘက် စခန်းက လူတွေဖြစ်နေကြပြီ။ ကျွန်တော်ကြောင့် သူ့ကို ဒုက္ခမရောက်စေချင်ဘူး"
ခဲ့ရွမ်သည် သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။
သူသည် အမြော်အမြင်ကြီးလွန်းသော စစ်သူကြီးတစ်ဦး ဖြစ်သဖြင့် သူ့ကို အထင်ကြီးလေးစားခဲ့ရသည်။"အစ်ကိုတော်.. မင်း အရင်စားပါ!" ခဲ့နွန်သည် ချီချန် ပြောသည်ကို နားလည်နေပြီဖြစ်သော်လည်း သူမသည် သူ၏ နောက်ဆုံးစကားအထိ တစ်ဝက်သာသိသည်။ သူမအစ်ကိုကို ထမင်းမကျွေးဘူးဆိုတာသာ သူမသိလိုက်၏။
ခဲ့နွန်၏ မျက်လုံးများသည် သန့်ရှင်းဖြူစင်ကာ တောက်ပနေသည်။ သူမသည် နာခံမှုရှိပြီး ပျားရည် နှုတ်ခမ်းဖြင့် ကြီးပြင်းလာကာ ခဲ့ရွမ်သည် သူ့ညီမလေးအား အလွန်စိတ်ကျေနပ်မိသည်။
(T/N: ပျားရည်နှုတ်ခမ်း = သာယာသော၊ ထက်မြက်သော အပြောအဆို)
ခဲ့ရွမ်သည် သူ၏ညီမလေးအား နဖူးကို ညင်သာစွာ ပုတ်လိုက်သည်။
"အစ်ကို မစားချင်လို့ မစားတော့ဘူး။ အခုအချိန်က မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုအချိန်ပဲ။ ဒါကြောင့် နာခံမှုရှိပါ။ အစားများများစားရင် အရပ်ပိုရှည် လာလိမ့်မည်။ ဒါဆိုရင် မင်းရဲ့အစ်ကိုချင်းယဲ့ကို လက်ထပ်နိုင်ပြီ"
လင်ချင်းယဲ့သည် ရုတ်တရက် ခဲ့ရွမ်ကို ကြည့်လိုက်သည်။
"ဘာကြီး?"
ခဲ့ရွမ်သည် သူ့ကို တောင်းပန်တဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်သည်။
ခဲ့နွန် အရွယ်ရောက်လာကတည်းက သူမသည် လင်ချင်းယဲ့အား အလွန်နှစ်သက်ခဲ့သည်။ သူမ မနာခံတဲ့ အချိန်တိုင်း လင်ချင်းယဲ့အကြောင်းကို ပြောနေသရွေ့ သူမ နာခံမှာ သေချာပါသည်။ ဒီလို အကြောင်းပြချက် ကောင်းကို သူ ဘယ်လိုလုပ် မသုံးဘဲနေနိုင်မှာလဲ?
ထိုအချိန်က ချီချန်သည် ထွက်သွားပြီဖြစ်သောကြောင့် ထိုအကြောင်းများကို မသိခဲ့ပေ။
YOU ARE READING
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)
Historical FictionBoth Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Complete) Original publisher - Cdyt Genre - Comedy, Historical, Yaoi I do not own any part of this novel...