Ch 99: ချဉ်နေသော လေထု/ခ်ဥ္ေနေသာ ေလထု။

8.9K 1.3K 71
                                    

(Unicode)

စစ်ယွိဟန်သည် သူနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသော်လည်း ခဲ့ရွမ်သည် သူ့ဖြစ်တည်မှုကို လုံးလုံး လျစ်လျူရှုထားပုံရသည်။ သူ့အာရုံက ခဲ့နွန်အပေါ်မှာသာ လုံးလုံးလျားလျား ဖြစ်နေသည်။

နောက်ဆုံးတော့ အစေခံအဒေါ်ကြီးက သတိပေး၏။

"အရှင့်သား.. မင်းသမီးလေးက ဆက်စားလို့ မဖြစ်တော့ဘူး။ မဟုတ်ရင် ညဘက်မှာ ဗိုက်နာနေလိမ့်မယ်"

ဆရာဝန်တစ်ယောက်အနေဖြင့် ခဲ့ရွမ်သည် ထိုကဲ့သို့သော ကလေးငယ်က အလွန်အကျွံ မစားသင့်ကြောင်း သိသော်လည်း ခဲ့နွန်သည် အနည်းငယ်သာ အရသာခံရသေးသည်။

အစေခံအဒေါ်ကြီးရဲ့ စကားကြားတော့ ခဲ့နွန်၏ မျက်လုံးများတွင် ရပ်ဖို့တုံ့ဆိုင်းနေပြီး မျှော်လင့်ချက်‌လေး ရှိနေသေးတာကို မြင်လိုက်ရသည်။

ခဲ့ရွမ်သည် သူမ၏ဆံပင်များကို ပွတ်သပ်ပေးလိုက်၏။

"ဒေါ်ဒေါ်ပြောတာ မှန်တယ်။ တစ်နေ့ထဲမှာ အများကြီး မစားရဘူး။ လျှော့စားလိုက်မှ အရသာကို သတိရပြီး လွမ်း‌နေမှာ မဟုတ်ဘူးလား"

ခဲ့နွန်သည် လတ်ဆတ်သော စပျစ်သီးများနှင့်တူသည့် မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ခဲ့ရွမ်သည် အလွန်နူးညံ့သိမ်မွေ့သော ခံစားမှုကို ခံစားလိုက်ရပြီး သူ့ဆံပင်ကို ဆွဲဖွပစ်လိုက်သည်။

"နောက်နောင် စားချင်တဲ့အချိန်တိုင်း အစ်ကို့ဆီ လာခဲ့နော်"

သူမက ခေါင်းညိတ်ပြန်သည်။

နောက်ဆုံးတော့ နောက်ကျနေပြီဆိုတာကို အစေခံ အဒေါ်ကြီးက သတိရပြီး ခဲ့နွန်ကို သူ့နေထိုင်ရာ နန်းဆောင်ဆီ ပြန်ခေါ်သွားတော့သည်။

သူတို့ထွက်သွားပြီးတာနဲ့ လင်ချင်းယဲ့ ရောက်လာ ခဲ့သည်။ ယွီလျောင်းခရိုင်က ပြန်လာပြီးနောက် လင်ချင်းယဲ့ဟာ သူ့ဆရာ အဖြစ်သာမကဘဲ အမတ်ချုပ်နဲ့ သူ့ဂိုဏ်းရဲ့လှုပ်ရှားမှုတွေကို ရံဖန်ရံခါ စောင့်ကြည့်ဖို့ တရားရုံးကို သွားခဲ့ရသည်။

ခဲ့ရွမ်သည် လင်ချင်းယဲ့၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း မည်သို့ဖော်ပြရမည်မှန်း မသိတော့ပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now