Ch: 3 (U+Z)

20.1K 2.6K 33
                                    

Unicode

Chapter-3 ခဲ့နော့။

ခဲ့ရွမ်သည် စစ်ယွိဟန်အပေါ် ကိုယ်ချင်းစာနာမိပါသည်။ စစ်ယွိဟန်သည် ခုနစ်နှစ်၊ ရှစ်နှစ်လောက်သာ ရှိသေးသည့် ကောင်လေးတစ်ယောက် ဖြစ်သည်။
သူ၏ဆက်ဆံပုံကြောင့်သာမဟုတ်လျှင် စစ်ယွိဟန်ဟာ နတ်ဆိုးတစ်ယောက်လို ဖြစ်သွားစရာအကြောင်းမရှိပေ။ ခဲ့ရွမ် သူ့ကို ဂရုတစိုက်လေး အဝတ်ဝတ်ပေးလိုက်၏။ စစ်ယွိဟန်သည် ဖခင်၏ဝတ်စုံအား ယူဝတ်ထားသော ကလေးငယ်နှင့် တူနေလေသည်။

ခဲ့ရွမ် သူ့ကို အသေးစိတ်မစစ်မေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် မောက်မာထောင်လွှားသည့်
မင်းသားတစ်ပါးအနေနှင့် ရုတ်တရက်ကြီး ဆေးပညာတွေထုတ်ပြလိုက်ရင် အံ့ဩစရာ ကောင်းမနေဘူးလော။

စစ်ယွိဟန်သည် သူ့ကိုသာ စိုက်ကြည့်နေ၏။ ခဲ့ရွမ်သာ ပြန်လည်မွေးဖွားလာသည့်သူဆိုပါက သူ့မိသားစု တစ်ခုလုံးကိုသတ်ပြီး သူ့ကို ပြာမှုန့်ဖြစ်အောင် လုပ်ခဲ့သည့်ရန်သူအား ကြောက်နေရမှာ ဒါမှမဟုတ် အမုန်းတရားတွေနဲ့ ပြည့်နေရမှာ မဟုတ်လော။ ဘာကြောင့်လဲ? သူဘာကြောင့် ဒီလိုသရုပ်ဆောင် နေရတာလဲ။ ငါ့ကို ဘာကြောင့်စိတ်ပူပေးပြီး
ဂရုစိုက်ပေးနေရတာလဲ။ ဘာကြောင့်လဲ ?

စစ်ယွိဟန်သည် ခပ်ဟဟ ရယ်မောလိုက်၏။ သူသည်
နောက်ဆုံး၌ ထိုကိစ္စအား ဂရုမစိုက်တော့ရန် ဆုံးဖြတ် လိုက်သည်။ ဘာပဲဖြစ်ဖြစ် ခဲ့ရွမ်သည် နောက်ဆုံး၌ သေရမှာပင်။ သူကလဲ အဲဒါကို ကျိန်းသေပေါက် စောင့်ကြည့်မည်။

ခဲ့ရွမ်သည် ရုတ်တရက် အေးစိမ့်သွားသလို ခံစားလိုက် ရ၏။ သူသည် စစ်ယွိဟန်အား ကြည့်လိုက်သည့်အခါ သူ့အမူအရာသည် စာအုပ်ထဲ၌ ဖော်ပြထားသည့်အတိုင်း
ချဉ်းကပ်လို့မရ၊ လျစ်လျူရှုလို့လည်းမရနိုင်သော ကလေးတစ်ယောက်ဖြစ်ပေသည်။

ခဲ့ရွမ် အနည်းငယ်ဆိုးရွားသည့် ခံစားချက်တစ်ခုကို ရလိုက်သောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရလေ၏။ ဝတ်စုံအပြည့်ဝတ်ဆင်ထားပြီး သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားသည့် အဘိုးအို တစ်ဦးဝင်လာပြီး ခဲ့ရွမ်ကို ဦးညွှတ်လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now