8.3K 1.1K 70
(Unicode)
ခဲ့နွန်သည် လက်ခုပ်တီးလိုက်၏။
"ကောင်းလိုက်တာ.. မင်းက အစ်ကိုချင်းယဲ့ကို ကြိုက်တယ်.. မင်း အစ်ကိုချင်းယဲ့ကို လက်ထပ်နိုင်တယ်။ ဟုတ်ပြီ.. ငါလည်း အစ်ကိုချင်းယဲ့ကို ကြိုက်တယ် ပြီးတော့ အစ်ကိုချင်းယဲ့နဲ့ မင်း အတူရှိနေတာကိုလည်း သဘောကျတယ်"
အဲဒါ အရမ်းပျော်စရာကောင်းတယ်။
ခဲ့နွန်‌လေးသည် မရပ်မနား ကခုန်နေပြီး အလွန် ပျော်ရွှင်နေပုံရသည်။
ခဲ့ရွမ် ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
"နွန်နွန်.. ငါ့စကားကို နားထောင်ပါ။ ဒါက ယောက်ျားလေးတွေ သူတို့ ချစ်မြတ်နိုးတဲ့ မိန်းက‌လေးတွေအပေါ် ထားရှိတဲ့ ခံစားချက်နဲ့ မတူဘူး။ အစ်ကိုချင်းယဲ့နဲ့ ငါက တစ်ယောက်ကို တစ်ယောက် သဘောကျပေမယ့် မင်းထင်တာနဲ့ မတူဘူး.. နားလည်လား"
ခဲ့နွန်က ခေါင်းခါသည်။
"ငါဂရုမစိုက်ဘူး။ မင်းက အစ်ကိုချင်းယဲ့ကို ကြိုက်တယ်။ အစ်ကိုချင်းယဲ့ကလည်း မင်းကို ကြိုက်တယ်။ ဘာလို့ မင်းတို့ နှစ်ယောက်အတူတူ မနေနိုင်ရမှာလဲ.. ငါနားမလည်ဘူး"
သူမသည် မတ်တပ်ထရပ်လိုက်ပြီး မကျေနပ်တဲ့ အမူအရာနဲ့ လက်နှစ်ဖက်ကို တင်ပါးပေါ် ထောက်လိုက်သည်။
"အစ်ကို.. မင်း ဒီလိုလုပ်တာ မှားတယ်။ ငါ အစ်ကိုချင်းယဲ့ကို မင်းအတွက် စွန့်လွှတ်လိုက်တယ်။ ပြီးတော့ မင်း အစ်ကိုချင်းယဲ့အပေါ် တာဝန်မဲ့မယ့်အစား သူ့ကို မြတ်နိုးသင့်တယ်"
ခဲ့ရွမ် စိတ်ရှုပ်သွားသည်။
"မင်းကို ဘယ်သူသင်ပေးလိုက်တာလဲ.. နတ်ဆိုးမလေး"
သူသည် လင်ချင်းယဲ့အား တောင်းပန်ကြည့် ကြည့်လိုက်သည်။
"စစ်သူကြီးလင်.. သူမကို လျစ်လျူရှုထားလိုက်ပါ"
"အစ်ကို.. မင်း အစ်ကိုချင်းယဲ့အတွက် တာဝန်မယူ ချင်ဘူးလား"
ခဲ့ရွမ်က မေးလိုက်သည်။
"ဘာပြောတယ်"
'ငါဘာလုပ်ခဲ့လို့လဲ? ဘာအတွက်ကြောင့် တာဝန်ရှိတာလဲ'
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now