Ch 129: စစ်ယွိဟန်က သူ့ကိုတွေ့ချင်နေတယ်/စစ္ယြိဟန္က သူ့ကို တွေ့ချင်နေတယ်

9.1K 1.1K 20
                                    

(Unicode)

သူ့အကြံပြုချက်ကို လက်ခံလိုက်သဖြင့် အရာရှိသည် ပို၍ပင် ပျော်ရွှင်နေပုံရသည်။

ချီချန်သည် သူ့အတွက် သနားခြင်း မရှိပါ။ သူသည် အစ်ကိုချင်းယဲ့ကို နာကျင်အောင် လုပ်ဖို့ စိတ်ကူးရှိတဲ့အတွက် ဘယ်တော့မှ ခွင့်မလွှတ်နိုင်ပါချေ။

စစ်ယွိဟန် စကားဆုံးသည်နှင့် တပြိုင်နက် လျှို့ဝှက် အစောင့်အများအပြား ပေါ်လာပြီး ထိုအရာရှိကို ဆွဲထုတ်လိုက်ကြသည်။

သူ့ကို စောင့်မျှော်နေတဲ့အရာကတော့ တစဆီဆွဲဖြဲမည့် မြင်းတွေပင်။

သူသည်​ မဆွသင့်သည့်လူကို သွားဆွလိုက်ခြင်း ဖြစ်သည်။

ဒီရုတ်တရက်ပြောင်းလဲမှုဟာ လူတိုင်းကို ပိုထိတ်လန့် စေခဲ့သည်။ သူစကားတခွန်းပြောလိုက်သည်နှင့် ဧကရာဇ်မင်းရဲ့ စိတ်နေစိတ်ထားက ချက်ချင်း ပြောင်းလဲသွားသည်။ နောက်တစ်စက္ကန့်မှာ ဘယ်သူ့ကို ထပ်သတ်မလဲဆိုတာကို မသိနိုင်ကြပေ။

"ချီချန်"

"ကျွန်တော်မျိုး ဘာလုပ်ပေးရမလဲ?"

စစ်ယွိဟန်သည် မဝေးလှသောနေရာမှ အချုပ်ခန်းကို ကြည့်ကာ အမူအရာမရှိသည့် မျက်နှာဖြင့် အေးစက်စွာ ပြောလိုက်သည်။

"ခဲ့ရွမ်နဲ့ လင်ချင်းယဲ့ ခွဲထားလိုက်"

"ဟုတ်ကဲ့!"

ချီချန် ခေတ္တရပ်ပြီးနောက် ဆက်ပြောလိုက်သည်။

"အရှင်င်မင်းမြတ်.. ခဲ့ရွမ်ကို တွေ့ချင်သေးပါသလား"

"သူနဲ့တွေ့ဖို့ လာခဲ့တာလို့ ကိုယ်တော် ဘယ်တုန်းက ပြောလိုက်မိတာလဲ" စစ်ယွိဟန်က လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ အင်္ကျီလက်စများကို ဆွဲဆုပ်ထားသည်။

သူထွက်သွားသည့်အခိုက်တွင် အကျဉ်းထောင်ရှိ လူတိုင်းသည် အလွန်ထိတ်လန့်သွားကာ ကျောပြင် ပေါ်တွင် ချွေးအေးများဖြင့် မြေပြင်ပေါ်သို့ လဲကျ သွားကြသည်။ ယနေ့မှစ၍ တိုင်းပြည်လက်အောက်ခံ များဖြစ်သော ခဲ့ရွမ်နှင့် လင်ချင်းယဲ့တို့အား နှုတ်ဖြင့်‌တောင် ထိပါးခြင်းမပြုရဆိုတာကို နားလည်ခဲ့ ကြသည်။ သူတို့ရဲ့ခေါင်းဆောင် ခိုင်းသည့်အတိုင်း လုပ်ရုံမှလွဲ၍ ဘာမှထပ်မလုပ်ရဲကြပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now