Ch: 80 လူကောင်းလား?/လူေကာင္းလား?

9.3K 1.5K 49
                                    

(Unicode)

အခုနတုန်းက ဘာဖြစ်သွားတာလဲ?

ငါ ကယောင်ချောက်ချား ဖြစ်နေခဲ့တာလား?

ခဲ့ရွမ်က သူ့ကိုကြည့်နေတာကို သတိထားမိ လိုက်တာကြောင့် စစ်ယွိဟန်က ပြုံးပြလိုက်သည်။ ခဲ့ရွမ်၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ထိုကောင်လေး မကြာခဏ ပြုံးနိုင်ဖို့ကို သူ မျှော်လင့်ထားခဲ့သည်။ သူ့အရွယ် ယောက်ျားလေး တွေက မကြာခဏ ပြုံးနေသင့်သည်လေ။

ဒါပေမယ့် သူဒီလို ပြုံးပြတာကို အကြိမ်ပေါင်းများစွာ မြင်လိုက်ရတော့ သူ မတုန်လှုပ် မချောက်ချားဘဲ မနေနိုင်တော့ပေ။ ထိုအပြုံးသည် ခြိမ်းချောက်မှုများနှင့် ပြည့်နှက်နေသည်။

သူ မပြုံးတာက ပိုကောင်းပါသည်လေ။

ခဲ့ရွမ်က အဝေးကို လှမ်းကြည့်ရင်း မေးလိုက်သည်။ "စစ်သူကြီးလင်ရော ဘယ်လိုလဲ"

"စစ်သူကြီးလင်လား?"

သူဒီလိုပြောပြီးနောက်မှာ လေထုဟာ အဆင်မပြေ ဖြစ်သွားတယ်လို့ ခံစားလိုက်ရ၏။

"စစ်သူကြီးလင် နေကောင်းပါတယ်"

ခဲ့ရွမ်က ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဘုရားသခင်"

ဤဆင်းရဲဒုက္ခများ အားလုံးပြီးနောက် ခဲ့ရွမ်သည် သူ၏နှလုံးသားထဲတွင် ကြီးစွာသောပျော်ရွှင်မှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။ သူသည် ချီချန်ကို ကောင်းမွန်စွာ ကိုင်တွယ်ခဲ့ပြီး ချီချန်၏ကတိကို ရရှိခဲ့သည်။ အနည်းဆုံးတော့ သူသည် သူ့ကိုယ်သူနှင့် လင်ချင်းယဲ့၏ အသက်ကို ကယ်တင်နိုင်ခဲ့လေသည်။

လင်ချင်းယဲ့နဲ့အတူ ရေအောက်မှာ ရှိနေချိန်မှာတော့ သူ အရာအားလုံးကို စွန့်လွှတ်မိလုနီးပါးဖြစ်သွားသည်။ စစ်သူကြီးက ရေမကူးတတ်မှန်း သူဘယ်လိုလုပ် သိမှာလဲ? အဲဒီအချိန်မှာ သူတို့သေတော့မယ်ဆိုတာ ၁၀၀% သေချာသလောက် ဖြစ်သည်။

ပြန်တွေးကြည့်မိတော့ ခဲ့ရွမ်ဟာ အဲဒီ့ကနေ လွတ်မြောက်လာပြီးနောက် အနည်းငယ် ရယ်စရာကောင်းတာကို သိရှိခဲ့ရသည်။

တစ်ဖက်တွင်လည်း လင်ချင်းယဲ့၏ ဒဏ်ရာကို သမားတော်နှင့် ကောင်းမွန်စွာ ကုသခဲ့သည်။ သမားတော်ထွက်သွားသည်နှင့် လင်ချင်းယဲ့သည် ခဲ့ရွမ်ကို စစ်ဆေးရန် အိပ်ယာမှဆင်းဖို့ ကြိုးစားလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now