Ch 122: ချီချန်သည် သူ၏အခွင့်အာဏာကို ကြေငြာခဲ့သည်။

10.3K 1.2K 33
                                        

(Unicode)

သူသည် လင်ချင်းယဲ့ကို ရည်ရွယ်ချက်ရှိရှိ ကြံစည်ခဲ့တာ ဖြစ်ပြီး နိုးမလာနိုင်ဘူးဆိုတာ သူသိသည်။ အစ်ကို ချင်းယဲ့သည် ဒီသုံးရက်လုံးလုံး အရမ်းပင်ပန်းနေပြီး ထွက်ပြေးဖို့ကြိုးစားရင်း လူတွေကို အဆိပ်ခတ် မရအောင် တားဆီးခဲ့ပါသည်။ ထို့ကြောင့် သူသည် ဟင်းထဲ၌ အဆိပ်ထည့်ထားလိုက်၏။ ယခု ချီချန်သည် သူ၏အစ်ကိုချင်းယဲ့ကို အနီးကပ်ကြည့်ရှုရန် နောက်ဆုံးတွင် အခွင့်အရေးရခဲ့သည်။

ခဲ့ရွမ် ပြောစရာစကား ဆွံ့အသွားရ၏။

ကောင်းပြီ။ သူ ပါးစပ်ပိတ်နေလိုက်မယ်။ ချီချန်က လင်ချင်းယဲ့ကို ဘာမှတော့ လုပ်မှာမဟုတ်ဘူး။

ချီချန်သည် လင်ချင်းယဲ့ဘက်လှည့်လိုက်သည်။ သူသည် အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံသာလှုပ်ပြီး သူ့နာမည်ကို ခေါ်လိုက်၏။

"အစ်ကိုချင်းယဲ့"

သူ့ညာလက်က လင်ချင်းယဲ့၏ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

ခဲ့ရွမ်သည် ထိုအရာကို မြင်လိုက်ရသောအခါ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားသော်လည်း ချီချန် လင်ချင်းယဲ့ကို ဘာပြောနေသလဲဆိုတာကိုတော့ သူ၏ရှုထောင့်မှ မမြင်နိုင်ပါ။ သို့သော် ခဲ့ရွမ်သည် သူ့လက်က စစ်သူကြီးလင်၏ပါးကို ညင်သာစွာ ပွတ်သပ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။

ခဲ့ရွမ်သည် ခေါင်းယမ်းလိုက်၏။ မဖြစ်နိုင်ဘူး.. သူ အတွေးလွန်နေတာ ဖြစ်ရမယ်။ သူ့အ‌တွေးက ဘယ်လိုများ ဒီလောက်ညစ်ပတ်နိုင်ရတာလဲ။ သူဘယ်လိုလုပ် အဲလိုမျိုးကြီး တွေးလိုက်တာပါလိမ့်။

သူတို့သည် ညီအစ်ကိုများဖြစ်သည်။ ဟုတ်ပါသည်၊ ချီချန်လည်း အဲ့လိုပဲ တွေးလိမ့်မည်။

ချီချန်သည် သူ့နောက်ကလူရဲ့ လှုပ်ရှားမှုကို ခံစားလိုက်ရပြီး သူ့မျက်လုံးတွေက အေးစက်သွား၏။ အစ်ကိုချင်းယဲ့သည် လွန်ခဲ့တဲ့ခုနစ်နှစ် ချောင်‌တောင်မှာ ရှိတုန်းက ခဲ့ရွမ်ကို မတူကွဲပြားစွာ ဆက်ဆံခဲ့တာကို သူသိသည်။ ဤလူအတွက် အစ်ကိုချင်းယဲ့သည် သူ့အသက်ကိုပင် စတေးနိုင်သည်။ ခဲ့ရွမ် သူ့ကို တောင်းဆိုနေသမျှ အစ်ကိုချင်းယဲ့က သူ့အတွက် ဘာမဆိုလုပ်ပေးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now