9K 1.4K 8
(Unicode)
ခဲ့ရွမ်သည် မလှမ်းမကမ်းတွင် လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသော ချီချန်ကို တွေ့လိုက်ရသည်။ ခဲ့ရွမ်သည် ထိုလူဆွဲရာနောက် အလျင်အမြန် ပါသွားခဲ့လေရာ မမောဟိုက်ဘဲ မနေနိုင်ပေ။
သူ မသိစိတ်က အရမ်းတုန်ယင်နေသည်။
"ချီသခင်လေး" ခဲ့ရွမ်က အတင်းပြုံးလိုက်သည်။
ချီချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ခဲ့ရွမ်ကို ကိုင်ထားတဲ့လူက သူ့ကို ပြန်လွှတ်ပေးလိုက်သည်။
ခဲ့ရွမ် သူ့လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်၏။သူ့မျက်လုံးက ပတ်ပတ်လည်ကို လှည့်ကြည့်နေ လေသည်။
ချီချန်က လှောင်ပြောင်လိုက်သည်။
"လိုက်ကြည့်နေလဲ ဘာမှမထူးဘူး.. ဒီအချိန်မှာ ငါတို့ကို ဘယ်သူမှ မနှောင့်ယှက်နိုင်ဘူး"
"မင်း ဘာကိုပြောနေတာလဲ"
ခဲ့ရွမ်သည် ကူကယ်ရာမဲ့သလို ခံစားနေရသည်။ ချီချန်က ဘာလို့ ဒီလို မရေရာတဲ့ စကားလုံးတွေကို အေးစက်တဲ့ အမူအရာနဲ့ ပြောနိုင်ရတာလဲ?
အဲဒါက သူ့ကိုသတ်နေသလိုပဲ!
"ဘာကိစ္စရှိလို့လဲ ချီသခင်လေး.. ငါ မင်းအတွက် တစ်ခုခုလုပ်ပေးနိုင်တာများရှိမလား"
"မင်းဘယ်လိုထင်လဲ"
ခဲ့ရွမ် တိတ်ဆိတ်သွားသည်။
'ငါ သူနဲ့ စကားဆက်ပြောလို့ မရဘူး.. မရနိုင်ဘူး!'
"ကျေးဇူးပြုပြီး ဝေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့တော့"
"ငါမင်းကို ပြောစရာမရှိဘူး" ချီချန်က ဆိုသည်။
သူပြောစရာမရှိရင် ဘာလို့ ငါ့ကို ဒီနေရာကို ဆွဲထုတ်ဖို့ သူ့လူကို ခိုင်းရတာလဲ။ စစ်သူကြီးလင်ကိုတောင် ရှင်းထားသေးတယ်။ သူ့မှာ ပြောစရာမရှိရင် သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေစရာလဲ မလိုဘူး။
ခဲ့ရွမ်က သူ့ကို လုံးဝမယုံကြည်ပေ။
"လုပ်မှာသာ လုပ်ပါ"
ခဲ့ရွမ်က ဇဝေဇဝါဖြစ်ပြီး မေးလိုက်သည်။
"ဘာ.. ဘာကိုဆိုလိုတာလဲ.. ငါက ဘာလုပ်ရမှာလဲ"
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now