Ch 158: ယောက်ျားတစ်ယောက်ကို ဘာများကျီစားစရာရှိလို့လဲ?

9K 1K 9
                                    

(Unicode)

"ကျွန်တော်မျိုး ရှိပါတယ်" ချီချန်က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

သူ့ခေါင်းကို မော့လိုက်သောကြောင့် လည်ပင်းရှိ သွားကိုက်ရာ အမှတ်အသားများမှာ ပေါ်လာလေ၏။

စစ်ယွိဟန်သည် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ချီချန်သည် ဧကရာဇ်မင်းမြတ်၏ အကြည့်ကို ခံစားလိုက်ရပြီး ကော်လံကို ရုတ်တရက် ဆွဲတင်လိုက်သည်။ သို့သော် သူ၏ ကြောက်ရွံ့မှုသည် ပို၍ သိသာသွားခဲ့၏။

ချီချန်သည် အလျင်အမြန် ဒူးထောက်ချလိုက်လေသည်။

"ခွင့်လွှတ်ပါ အရှင်မင်းမြတ်"

စစ်ယွိဟန်သည် မျက်ခုံးပင့်လိုက်ပြီး သူ၏ နက်မှောင်သောမျက်လုံးများမှာ ထူးဆန်းစွာ တောက်ပနေလေသည်။ ချီချန် ဤမျှ လက်သွက်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သိပ်ကောင်းတယ်။ အခုတော့ လင်ချင်းယဲ့ ခဲ့ရွမ်ကိုတွယ်ကပ်ဖို့ အကြောင်းပြချက် မရှိတော့ဘူး။

"မင်းဘာအပြစ်များ လုပ်ထားလို့လဲ"
သူသည် အပြစ်ကင်းစင်ရုံသာမက ကြီးမားသော အကူအညီကိုတောင် ပေးခဲ့သေးသည်။

ချီချန်သည် မည်သို့ပြန်ဖြေရမှန်း မသိတော့ပေ။

"ကျွန်တော်မျိုး.. အာ.. "

စစ်ယွိဟန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

"သွားတော့.. မင်း ကိုယ်တော့်နောက်ကို လိုက်စရာ မလိုတော့ဘူး"

"ဟုတ်ကဲ့!"

စစ်ယွိဟန်သည် မဏ္ဍပ်၌ ပန်းလှလှလေးတစ်ပွင့်သဖွယ် ရယ်မောနေသော ခဲ့ရွမ်ကိုကြည့်ပြီး နှာခေါင်းရှုံ့ လိုက်သည်။ ခဲ့ရွမ်သည် ဤမျှ ရိုမန်တစ်ဆန်သော ယောက်ျားဖြစ်သည်ကို သူမသိခဲ့ပေ။ ခဲ့ရွမ်၏ အမူအကျင့်ကို မပြောင်းလဲနိုင်သော်လည်း အနည်းဆုံးတော့ ထိုမိန်းကလေးအားလုံးကို သူနှင့်ခွဲပြီး ဝေးဝေးမှာထားဖို့ နည်းလမ်းရှာနိုင်ပေသည်။

ထို့နောက် သူ‌ရှေ့သို့ထွက်လာခဲ့၏။

"မင်းတို့ အရမ်းပျော်နေပုံပဲ။ ဘာတွေပြောနေကြတာလဲ ဆိုတာ ကိုယ်တော်သိလို့ရမလား"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now