Unicode
Chapter-33 ဖက်ထုပ်က ထင်သလောက်လည်း မကောင်းပါချေ။
ခဲ့ရွမ်သည် စာအုပ်ထဲက ဇာတ်ကြောင်းကို ပြန်ခေါ်လိုက်သည်။ စစ်ယွိဟန်သည် မွေးကတည်းက လေးလေးနက်နက် တွေးခေါ်တတ်သူဖြစ်ခဲ့သော်လည်း ထိုအချိန်က သူသည် အလွန်ငယ်ရွယ်သေး၏။ ဖက်ထုပ်တစ်ပန်းကန်ကို သူတကယ်လိုချင်တာကြောင့် သူ့အစေခံကို ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပါသည်။ သို့သော် ထိုအချိန်တွင် သူတို့သည် နေရာအနှံ့ ပုန်းအောင်းနေရပြီး စားစရာတောင်းနေကြရသည်။ အစေခံမှာ ပိုက်ဆံမရှိတာတော့ သေချာပါသည်။
နောက်ဆုံးတွင် အစေခံသည် စစ်ယွိဟန်အတွက် ဖက်ထုပ်ခိုးယူရန် ရွေးချယ်ခဲ့သည်။ ဖက်ထုပ်က ဈေးမကြီးသော်လည်း လူ့အဖွဲ့အစည်းရဲ့ အလုပ်လုပ်ပုံက ဤသို့မဟုတ်ချေ။ ဒီကမ္ဘာကြီးမှာ ချမ်းသာတဲ့သူကသာ အရာရာကို ရနိုင်ပြီး ဆင်းရဲတဲ့သူက ဘာမှရှင်းပြခွင့်တောင် မရချေ။
အစေခံက သေလုမျောပါး အရိုက်ခံခဲ့ရသည်။
ခဲ့ရွမ်က စစ်ယွိဟန်ကိုကြည့်ပြီး ပြောလိုက်သည်။
"စားလေ.. အရမ်းအရသာရှိတယ်"စစ်ယွိဟန်သည် ခဏမျှ နှုတ်ဆိတ်နေသဖြင့် ခဲ့ရွမ် အနည်းငယ် ကြောက်ရွံ့သွားသည် ။ သေချာသည်မှာ သူသည် အချိန်အတော်ကြာ ကြိုးစားခဲ့သော်လည်း စစ်ယွိဟန်က သူ့ကို မကြိုက်သေးပေ။ စစ်ယွိဟန်က သူနှင့် စကားမပြောချင်ဘဲ သူ့ကို လျစ်လျူရှုရန်ပင် ကြိုးစားခဲ့သည်။ စစ်ယွိဟန်က သူနဲ့အတူ ယွီလျောင်းခရိုင်ကိုလာဖို့ တောင်းဆိုတဲ့နေ့ဟာ
သူ့ရဲ့လှည့်စားမှုသက်သက်ပဲလို့ ခဲ့ရွမ်က စတင်သံသယ ဝင်လာခဲ့၏။ခဲ့ရွမ်သည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ကို လွှတ်လိုက်သည်။ စစ်ယွိဟန်သည် သူ့အား နက်မှောင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ခဲ့ရွမ်သည် အဆိပ်ပြင်းသော မြွေကိုက်ခံရသကဲ့သို့ သူ့တစ်ကိုယ်လုံး အအေးဒဏ်ဖုံးအုပ်သွားပြီး တုန်တုန်ယင်ယင် ဖြစ်လာသည်။
ဤတစ်ကြိမ်တွင် စစ်ယွိဟန်သည် ခဲ့ရွမ်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုကို အမှန်တကယ် မြင်လိုက်ရသည်။ ဒါဆို သူက ငါ့ကို တကယ် ကြောက်နေတာလား?
YOU ARE READING
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)
Historical FictionBoth Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Complete) Original publisher - Cdyt Genre - Comedy, Historical, Yaoi I do not own any part of this novel...