9.9K 1.1K 31
(Unicode)
ချီချန်သည် လင်ချင်းယဲ့ထံသို့ ချဉ်းကပ်လာပြီး ကျောက်စားပွဲပေါ်တွင် သေရည်အိုးကိုချကာ သူ့ကို ကြည့်လိုက်သည်။
"အစ်ကိုချင်းယဲ့.. ငါမင်းနဲ့အတူရှိနေပေးမယ်" ငါမင်းကို ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး။ ငါ့နှလုံးသားထဲမှာ မင်းတစ်ယောက်ပဲ ရှိတယ်။
ချီချန်သည် နောက်မှ စကားများကို ဆက်မပြောရဲသောကြောင့် မပြောခဲ့တော့ပေ။
လင်ချင်းယဲ့သည် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်၏။ သူသည် အလွန်အကျွံ သောက်ထားသောကြောင့် ခေါင်းအနည်းငယ် ရှုပ်နေသော်လည်း သိပ်အဆိုးအရွား မဟုတ်ပေ။
"ငါမင်းကိုပြောနေတယ်.. ငါ့ကိုတစ်ယောက်တည်း ထားခဲ့ပြီး မင်းထွက်သွားတော့"
ချီချန်သည် ခါးသက်စွာ ပြုံးလိုက်သည်။
"အဲဒီ ခဲ့ရွမ်က ဘာဖြစ်လို့လဲ။ သူ မင်းအတွက် ဘာတွေများ လုပ်ပေးခဲ့လို့လဲ"
သူက ငါ့လို အစ်ကိုချင်းယဲ့ကို ကာကွယ်​ဖို့ အစွမ်းကုန်​ လုပ်ပေးမှာလား။
အရာအားလုံးကို စွန့်လွှတ်ပြီး အစ်ကိုချင်းယဲ့နဲ့ အတူရှိပေးမှာလား။
လင်ချင်းယဲ့သည် လူပုံသဏ္ဍာန်ပင်မရှိသော ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကာ သူ၏ နှုတ်ခမ်းထောင့်၌ အဆုံးမရှိသော နူးညံ့သိမ်မွေ့မှု၊ နွေးထွေးမှုတို့နှင့် ပြည့်နှက်နေသော အပြုံးတစ်ခု ရှိနေသည်။ သူ၏ညာလက်ထိပ်ဖြင့် အောက်နှုတ်ခမ်းကို ညင်သာစွာ ထိလိုက်၏။
သူ့နှုတ်ခမ်းပေါ်က ခံစားချက်ကို သတိရသည်။ သူ၏ တောက်လောက်နေသော အပူချိန်နှင့် နွေးထွေးတဲ့ ပွေ့ဖက်မှုကို သတိရသည်။ သူ၏ နှလုံးသားတစ်ခုလုံး နာကျင်နေ၏။
သူ့အတွက်တော့ ခဲ့ရွမ်သည် ချောင်တောင်ပေါ်က လူငယ်တစ်ယောက်ဖြစ်ပြီး သူ့နှလုံးသားထဲ၌ ထာဝရ သူ၏အရှင့်သားဖြစ်သည်။
ဤလုပ်ရပ်သည် ချီချန်၏ အထိခိုက်မခံနိုင်ဆုံး နေရာကို ထိမိသွားသလား မသိနိုင်ပေ။
သူချစ်မြတ်နိုးရသော ယောက်ျားပျိုသည် သူဆုံးရှုံးခဲ့ရသော လူကို သတိရနေပြီး သူ့ကို မေ့ပစ်ဖို့ အချိန်ဖြုန်းနေခဲ့သည်။
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း (ဘာသာပြန်)Where stories live. Discover now